ဂင်ဂျုံးဆန်းဟာလမ်းဘေးယမကာဆိုင်မှ စားပွဲထိုးဖြစ်ပြီး ရဲဝန်ထမ်းစာမေးပွဲဖြေဆိုအောင်မြင်ပြီးသူဖြစ်ပါတယ် .. သူလုပ်နေတဲ့ယာမကာဆိုင်လေးဟာ အမြင်စုတ်ပေမဲ့အထဲမှာတော့ နိုင်ငံရေးသမားတွေခြေချင်းလိမ်အောင် လာရောက်တွေ့ဆုံကာစုဝေး နေကြတဲ့ဆိုင်တစ်ဆိုင်ဖြစ်ပါတယ် .. 
အဲဒီအထဲမှာအမှုစစ်စုံထောက်အကြီးစားလုပ်ငန်းရှင်များလည်းပါပါတယ် .. ကံဆိုးမိုးမှောင်ကျတဲ့တစ်နေ့မှာတော့ ဆိုင်ပိုင်ရှင်နဲ့ဂျင်းဂျင်းယောင်းအဖေကိုသတ်မှုနဲ့မတရားစွပ်စွဲအဖမ်းခံရကာသေဒဏ်ပေးခံရပြီးထောင်ကျခဲ့ပါတယ် .. 
သူ့ကိုအမှုဆင်ဖမ်းဆီးခဲ့တဲ့လူကတော့ အမှုစစ်ဂျန်းဖီဆောင်းဖြစ်ပြီး အရင်သမ္မတဟောင်းလီဂွမ်ဟိုခိုင်းစေခဲ့တဲ့အတွက် မိမိရာထူးတက်ဖို့အရေး လုပ်ကြံခဲ့တာဖြစ်ပါတယ် .. 
သေသွားတဲ့ဂျင်းဂျင်းယောင်း အဖေကတော့ သမ္မတဟောင်းနဲ့လက်တွဲလုပ်ကိုင်လိုတဲ့ လုပ်ငန်းရှင်သူဌေးကြီးဖြစ်ပြီး တရားမ၀င်ငွေရေးကြေးရေးကိစ္စများ လုပ်ရာမှသစ္စာဖောက်ခံရကာ နှုတ်ပိတ်ခံရခြင်းဖြစ်ပါတယ် ..
ထောင်ကျနေတဲ့ဂင်ဂျုံးဆန်းသေဒဏ်မပေးခံရခင်မှာပဲ အတူနေအကျဉ်းသားတစ်ယောက် ထောက်ဖောက်ပြေးတာကိုရိပ်မိသွားပြီး အပြင်ထွက်နိုင်ခဲ့ပါတယ် ..
ထောင်အပြင်ဘက်တွင် အဖွဲ့အစည်းတစ်ခုကစစ်မေးရင်း လက်လွန်သွားတဲ့ စုံထောက်အိုအီဆွန်းအလောင်းကို ဖျောက်ဖျက်ဖို့ကြိုးစားနေတာကိုတွေ့မြင်သွားခဲ့ပါတယ် .. ပြေးရင်းလွှားရင်းဖြင့်စုံထောက်အိုအီဆွန်းကားကိုတက်မောင်းမိပြီး မြို့ထဲရောက်လာကာ ရဲစုံထောက်ဂျင်းဂျင်းယောင်းနဲ့တွေ့ဆုံခဲ့ပါတယ်.. 
ဂျင်းဂျင်းယောင်းကသူ့ကိုဂင်ဂျုံးဆန်းမှန်းသိသော်လည်း ဂင်ဂျုံးဆန်းကတော့သူခိုးစီးခဲ့တဲ့ကားပိုင်ရှင် စုံထောက်အိုအီဆွန်းအဖြစ်လိမ်ညာခဲ့ပါတယ်.. 
ဂျင်းဂျင်းယောင်းကလည်း ဂင်ဂျုံးဆန်းအကြောင်းစုံစမ်းရင်း မိမိဖခင်ကိုသတ်တဲ့သူမဟုတ်မှန်း အဖြစ်မှန်ကိုသိသွားပြီးတရားခံအစစ်ကိုသိဖို့အတွက် သေသွားတဲ့ အိုအီဆွန်းအဖြစ်ခေတ္တနေခိုင်းခဲ့ပါတယ် .. 
ထိုအဖွဲ့အစည်းမှလည်း သူ့အားအိုအီဆွန်းအဖြစ်ပဲ လှုပ်ရှားခိုင်းခဲ့ပါတယ် .. ဒီလိုနဲ့စုံထောက်အဖွဲ့ထဲရောက်ရှိကာ မိမိထောင်ချောက်ဆင်ဖမ်းဆီးခံရတဲ့အမှုကိုလိုက်ရင်းဖြင့် ရှုပ်ထွေးသော နိုင်ငံရေးလှည့်ကွက်များထဲရောက်မှန်းမသိရောက်သွားပါတော့တယ် .. 
ထို့သို့ အရည်အချင်းပြည့်ဝသော ရဲတစ်ယောက်အဖြစ် ကွင်းဆက်အမှုများကိုဖော်ထုတ်ရင်း တဖြည်းဖြည်းအမှုမှန်ပေါ်ဖို့နီးစပ်လာသောလာသောအခါ အတိတ်ကစေခိုင်းခဲ့တဲ့လူတစ်စုအဖွဲ့အစည်းက သူ့အသက်အန္တရာယ်နဲ့ဥပဒေဘက်တော်သားရဲဝန်ထမ်းတွေကိုပါ ခြိမ်းခြောက်အကျပ်ကိုင်လာသောအခါ ဂင်ဂျုံးဆန်းတစ်ယောက်ဘယ်လိုများ အမှုမှန်ဖော်လေမလဲ ရာထူးအာဏာရှိသူတွေနဲ့ အမှန်တရားဘက်တော်သားများကြား အလွှာပါးပါးလေးခြားထားသလို မိမိကောင်းစားရေးအတွက်လူ့အသတ်တစ်ချောင်း သတ်ပစ်ဖို့ဝန်မလေးတဲ့ အတ္တမျက်နှာဖုံးအောက်ကလူတစ်စု မိမိဘ၀ကို ဓားစားခံလုပ် အသုံးချကာ ပြောင်းပြန်လှန်ခဲ့တဲ့ ဥပဒေဘက်တော်သားအမည်ခံ ဒုစရိုက်သမားတွေကို ဥပဒေဘောင်အတွင်းက အမှန်တရားဘက်ကနေဘယ်လိုများကာကွယ်နိုင်မလဲဆိုတာကိုအလှည့်အပြောင်းအချိုးအကွေးများစွာဖြင့် စိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့မှုခင်းအသားပေးအက်ရှင်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။