❝ရာဇ၀င်ထဲက ဂျူမုံ ❞ ဇာတ်လမ်းတွဲကို ၃၀.၁၂.၂၀၁၇ (ညနေ-၃း၀၀) အချိန်မှစတင်ပြီး နေ့စဉ် MRTV-4 မှာပြသပေးနေတာဖြစ်ပါတယ် 

ဘီစီ ၁၀၈ ခုနှစ်တွင် Gojoseon လူမျိုးများကို Han လူမျိုးများကတိုက်ခိုက်အောင်မြင်ပြီးနောက် မန်ချူးရီးယားမြို့ပြနိုင်ငံများတွင်အသက်ရှင်ကျန်ရစ်သည့် လူမျိုးစုများအကြောင်း 。。。

Haemosu သည် Damul ပြည်တွင်းတော်လှန်ရေးတပ်ဖွဲ့၏ခေါင်းဆောင်ဖြစ်ပြီး နိုင်ငံတ၀ှမ်းလုံးရှိ Gojoseon ဒုက္ခသည်များအား ကာကွယ်ရန်နှင့် ကယ်တင်ရန် Bueyo မင်းသား Geumwa နှင့်ပူးပေါင်းလိုက်သည်။ စစ်ပွဲတွင်ဒဏ်ရာရသည့် Haemosu ကိုတရုတ်မြစ်ဝါမြစ် Habaek လူမျိုးစု၏ Yuhwa နတ်သမီးကကယ်တင်လိုက်ရာမှ မေတ္တာမျှခဲ့ကြ သည်။ နောက်ပိုင်းတွင် Haemosu သည် Han တပ်ဖွဲ့များ၏အလစ်တိုက်ခိုက်မှုခံရပြီးအဖမ်းခံခဲ့ရသည်။ (ချောက်ကမ်းပါးပေါ်မှလိမ့်ကျပြီးနောက်ပိုင်း သေပြီဟုယူဆထားခဲ့ကြ) ကိုယ်ဝန်ရှိနေသည့် Yuhwa မင်းသမီး မှာလည်း Buyeo တွင်ခိုလှုံရန်အတင်းအကျပ်စေခိုင်းခံရသည်။ ထိုနေရာတွင် Geumwa ၏မိဖုရားဖြစ်လာပြီး Haemosu ၏သား Jumong ကိုမွေးဖွားခဲ့သည်။
အနှစ် ၂၀ ကြာပြီးနောက် Jumong လေးမှာ အစ်ကိုဝမ်းကွဲများဖြစ်ကြသော Daeso နှင့် Youngpo တို့၏ လွှမ်းမိုးခြင်းခံရပြီး သူရဲဘောကြောင်၍ပျော့ညံ့သည့်မင်းသားလေးဖြစ်လာခဲ့သည်။ ထိုနှစ်ယောက်မှာလည်း ဖခင်ထံက Buyeo ထီးနန်းကိုဆက်ခံရန်ကြိုးစားနေကြသည်။ အစ်ကိုဝမ်းကွဲများ၏လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုမှလွတ်မြောက်လာပြီးနောက်တွင် Jumong မှာနန်းတော်ကထွက်ခွာလာခဲ့တော့သည်။
ကံကြမ္မာအလှည့်အပြောင်းကြောင့် လက်ရှိတွင်တောတွင်းအကြီးအကဲဖြစ်သူ ဖခင် Haemosu နှင့်ပြန်တွေ့ခဲ့ ရသည်။ Haemosu ၏တိတ်တစိတ်သင်ပြမှုအောက်တွင် Jumong မှာတိုက်ပွဲတွင်စွမ်းရည်ထက်မြက်လာ သော်လည်းသားအဖအဖြစ်ပတ်သက်မှုကိုမူမသိရှာပေ။
Goguryeo နိုင်ငံတော်ကိုတည်ထောင်သူ Jumong ၏ဘ၀ကိုဖော်ကျူးထားသည့်ဇာတ်လမ်းတွဲဖြစ်သည်။ သမိုင်းမှတ်တမ်းများတွင် Jumong နှင့်ပတ်သက်သည့်အကြောင်းအရာအနည်းငယ်သာကိုသာတွေ့ရပြီး ဇာတ်လမ်းတွဲ၏အများစုကို စိတ်ကူးယဉ်ဇာတ်လမ်းဆန်ဆန်ဖန်တီးထားသည်။ မူလဇာတ်ကောင် Jumong ကို ၀န်းရံထားသည့်ဆန်းပြားသောအကြောင်းအရာများမှာ တကယ့်ဖြစ်ရပ်ပေါ်ပို၍အခြေခံသည့်ဖြစ်ရပ်များဖြင့် အစားထိုးထားခြင်းဖြစ်သည်။