ကင်ဆာရောဂါ အသိပညာပေးအစီအစဉ်အဖြစ် ရန်ကုန်မြီု့ လှိုင်သာယာမြို့နယ်မှာ အမျိုးသမီးသီးသန့် ဟောပြောပွဲနဲ့ ရောဂါစမ်းသပ်စစ်ဆေးမှုအဖြစ် အောက်တိုဘာလ ၁၆ ရက်မှာ ပြုလုပ်ပေးပါတယ်။ ဒီအစီစဉ်ကို လူရည်ချွန်အဖွဲ့နှင့် ရွှေရောင်နှင်းဆီအဖွဲ့ကင်ဆာ ဖောင်ဒေးရှင်းပူးပေါင်း ဆောင်ရွက်တာလည်း ဖြစ်ပါတယ်။
ကင်ဆာရောဂါပညာပေးရေးအစီအစဉ်မှာ ခံတွင်းကင်ဆာ၊ ရင်သားကင်ဆာနဲ့ သားအိမ် ခေါင်း ကင်ဆာရောဂါတွေအကြောင်း အဓိကထားပြီး ဟောပြောခြင်းနဲ့ ကြိုတင်စစ်ဆေး တာတွေ ပြုလုပ်ပေးပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွင်း ပထမအကြိမ်အဖြစ် လှိုင်သာယာ ဒေသခံ အမျိုးသမီး(၄၆)ဦးကို သားအိမ်ခေါင်းကင်ဆာစစ်ဆေးရာမှာ ကင်ဆာအဆင့် (၁)ရှိသူ တစ်ဦးနဲ့ ကင်ဆာအကြိုလက်္ခဏာရှိသူ (၁၀)ဦး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ကင်ဆာရောဂါဟာ အချိန်မီကုသနိုင်ပုံ အပါအ၀င် နေထိုင်မှုပုံစံနဲ့ ဆောင်ရန်၊ ရှောင်ရန် တွေကို ကင်ဆာအထူးကုဆရာဝန်တွေက ဟောပြောကြပါတယ်။ လက်ရှိမှာတော့ အမျိုးသမီးအများစု အဖြစ်များဆုံးက သားအိမ်ခေါင်းကင်ဆာဖြစ်နေပြီး ဒါဟာ ဆင်းရဲချို့တဲ့မှုကြောင့် ကြိုတင် စစ်ဆေးတာနဲ့ ကာကွယ်တာတွေ မလုပ်နိုင်တဲ့အတွက်လို့ ဆိုပါတယ်။
လူရည်ချွန်အဖွဲ့နဲ့ ရွှေရောင်နှင်းဆီအဖွဲ့ ကင်ဆာဖောင်ဒေးရှင်းပူးပေါင်းပြီး ကင်ဆာရောဂါ ပညာပေးအစီအစဉ်ကို ပြီးခဲ့တဲ့ (၂၀၁၄)ခုနှစ် နိုဝင်ဘာလက ပထမအကြိမ်အဖြစ် ပြုလုပ်ခဲ့ပြီးလည်း ဖြစ်ပါတယ်။
