ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး၊ ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းနေပါတယ်။ဒီကနေ့ နံနက်အထိခန့်မှန်းချက်ကတော့ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာ ကွက်ကျား မိုးရွာပါမယ်။ ရွာရန် ရာနှုန်း(၈၀) ဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေ သကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ကရင် ပြည်နယ်တို့တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာပါမယ်။မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိပါမယ်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၅)ပေခန့် ရှိနိုင်ပါတယ်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်ကတော့ တနင်္သာရီတိုင်းဒေသကြီးတွင် မိုးအနည်းငယ်ရွာနိုင်ပါတယ်။နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက် ဒီကနေ့ နံနက်အထိခန့်မှန်းချက်ကတော့ အများအားဖြင့် သာယာပါမယ်။ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ဒီကနေ့နံနက်အထိခန့်မှန်းချက်ကတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းပါမယ်။မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ဒီကနေ့ နံနက်အထိခန့်မှန်းချက်ကတော့  အများအားဖြင့်သာယာပါမယ်။လာမည့် စနေ၊ တနင်္ဂနွေအားလပ်ရက်များအတွက် မိုးလေဝသခန့်မှန်းချက်ကတော့ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီး တို့တွင် အများအားဖြင့် သာယာပြီး၊ ရန်ကုန်တိုင်းဒေသကြီးတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပါမယ်။

 

 

 

Related News