၂၀၁၈ ခုနှစ် သင်္ကြန်ကာလမှာ  မြန်မာနိုင်ငံ မြောက်ပိုင်း၊ တောင်ပိုင်း တနင်္သာရီတိုင်းဒေသတွေမှာ မိုးရွာဖို့ရှိနေပြီး ယခုတစ်ပတ်အတွင်းမှာတော့ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ကချင်ပြည်နယ်၊ချင်းပြည်နယ်၊မန္တလေးတိုင်းဒေသကြီးမြောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး တို့မှာ မိုးရေချိန် တစ်လက်မကျော်ရွာသွန်းနိုင်တယ်လို့သိရပါတယ်။
 
သင်္ကြန်ကာလမှာ ကျန်တုင်းဒေသကြီး၊ပြည်နယ်တွေအနေနဲ့ ကွက်ကြားမိုးရွာသွန်းနိုင်ပြီး ရန်ကုန်မှာလည်း ကွက်ကြားမိုးရွာသွန်းနိုင်ဖို့  (၄၀)ရာခိုင်နှုန်းထိရှိနေတယ်လို့ ဒေါက်တာထွန်းလွင်ကပြောပါတယ်။ယခုနှစ် မတ်လကစတင်ပြီး မြန်မာတစ်နိုင်ငံလုံးမှာ ခရမ်းလွန်ရောင်ခြည်လွန်ကဲအဆင့်ကို ရောက်ရှိနေတာကြောင့် အသားအရေကိုဂရုစိုက်တဲ့သူတွေအတွက် သင်္ကြန်ကာလတွင်း ဂရုပြုလည်ပတ်ဖို့ကိုသတိပေးထားပါတယ်။
 
ခရမ်းလွန် ရောင်ခြည်က ရေနှင့်ရေခဲတို့လို အလင်းပြန်တဲ့ ပစ္စည်းရှိရင် ခရမ်းလွန်ရောင်ခြည်သင့်တာ ပိုများတာကြောင့် သင်္ကြန်ကာလမှာ လည်ပတ်သူများအတွက်ကိုလည်း ဂရုပြုဖို့လိုအပ်တယ်လို့ ဒေါက်တာ ထွန်းလွင် ကသတိပေးထားပါတယ်။ ၂၀၁၈ ခုနှစ်ရဲ့ထူးခြားချက်က မြန်မာနိုင်ငံတောင်ပိုင်း၊မြောက်ပိုင်းတွေမှာ လေထုထဲမှာ ရေငွေ့တွေရှိနေပြီး မွန်းလွဲညနေပိုင်းတွေမှာ မိုးတိမ်တောင်ဖြစ်နေတယ်လို့သိရပါတယ်။
 
ဒါ့ကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ၊တောင်ပိုင်းဒေသတွေမှာမိုးတိမ်တောင်ဖြစ်ပြီး မိုးသီးကြွေပြီး လေပြင်းတိုက်တာတွေဖြစ်နိုင်ပြီး မိုးကြိုးပစ်၊မိုးရွာတာတွေလည်း ဖြစ်ပေါ်နိုင်တယ်လို့ ဒေါက်တာထွန်းလွင်ကပြောကြားထားပါတယ်။
 
 
 
 
 
 

Related News