ဇူလိုင်လ(၁၂)ရက်က စတင်မြှင့်တက်လာတဲ့ ဧရာဝတီမြစ်ရေဟာ ဒီနေ့  ဇူလိုင်လ(၂၄)ရက် တိုင်းထွာချက်တွေအရ စိုးရိမ်ရေမှတ်ထက်ကျော်လွန်နေပြီ ဖြစ်တယ်လို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးမှ ညွှန်ကြားရေးမှူးထံမှသိရပါတယ်။

ဧရာဝတီမြစ်ရေဟာ လက်ရှိအချိန်မှာ စိုးရိမ်ရေမှတ်ထက်ကျော်လွန်နေပြီဖြစ်ပြီး မြစ်ရေကြောင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ  မြို့နယ်(၁၂)မြို့နယ်မှာ မြစ်ရေလွတ်ရာကို ရွှေ့ပြောင်းနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ မကွေး၊ ချောက်၊ရေနံချောင်း၊ မင်းဘူး၊ ပွင့်ဖြူ၊ ပခုက္ကူ၊ ရေစကြို၊ ဆိပ်ဖြူ၊ သရက်၊ အောင်လံ၊ မင်းလှ၊ ကန်မစတဲ့နေရာတွေမှာ ဧရာဝတီမြစ်ရေ ဆက်လက်မြှင့်တက် နေပြီး စိုးရိမ်ရေမှတ်ထက်ကျော်လွန်နေကာ ရေဘေးရှောင်စခန်း ဖွင့်လှစ်ကူညီနေရတယ်လို့ သိရပါတယ်။

ရေကြီးမှုဒဏ်ကို ကြုံတွေ့နေရတဲ့ မြို့ နယ်တွေက ဘုန်းကြီးကျောင်း၊ ဇရပ်စတဲ့ နေရာတွေမှာ ကယ်ဆယ်ရေးစခန်း (၅၅)ခု ဖွင့်လှစ်ထားပြီး စာသင်ကျောင်း (၁၅၀)ခန့်ကိုလည်း ပိတ်ထားရတယ်လို့ သိရပါတယ်။ဧရာဝတီမြစ်ရေဟာ လက်ရှိအချိန်ထိ စိုးရိမ်ရေမှတ်အထက်ကျော်လွန်နေပြီး လက်ရှိ ရေဘေးကြုံတွေ့နေရတဲ့ လူဦးရေ (၆)သောင်း (၂)ထောင်ကျော် ရှိတယ်လို့ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါ့အပြင်  တစ်နိုင်ငံလုံးမှာ  ရေဘေးကြုံတွေ့ နေရသူ လူဦးရေ (၉)သောင်း (၈)ထာင်ကျော်ရှိနေတယ်လို့ ဇူလိုင်လ(၂၂)ရက်မှာ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

 

 

Related News