ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်တဲ့ မုန်တိုင်းငယ်ဟာ ဇွန်လ(၁၀)ရက် ညနေပိုင်းမှာ စတင်ဖြစ်ပေါ်ခဲ့ပြီး ရခိုင်ကမ်းရိုးတန်းဒေသတွေမှာ မိုး၊လေ၊လှိုင်းတွေကို သတိထားဖို့ ဒေါက်တာ ထွန်းလွင်က ပြောကြားထားပါတယ်။ အမေရိကန်နိုင်ငံ နာဆာအဖွဲ့က မိုးရွာသွန်းမှုနဲ့ ရေဖုံးလွှမ်းခံရမှု အခြေအနေတွေကို ထုတ်ပြန်ပေးခဲ့ပြီး ထုတ်ပြန်ချက်အရ မုန်တိုင်းရဲ့အရှိန်ကြောင့် ရခိုင်ပြည်နယ် ကမ်းရိုးတန်းဒေသတွေမှာ လွန်ခဲ့တဲ့ (၂၄)နာရီအတွင်း မိုးရေချိန် (၃)လက်မကျော်ခန့်မိုးရွာသွန်းခဲ့ပြီး ရခိုင်ပြည်နယ်အလယ်ပိုင်းဒေသအချို့မှာ ရေဖုံးလွှမ်းခံရဖို့ အလားအလာအနည်း ငယ်ရှိလာနေပြီလို့ ဖော်ပြထားပါတယ်။

မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ် မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနဲ့ ကမ်းလွန်ဒေသတွေမှာ မကြာခဏ မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး ခေတ္တခဏမျှ လှိုင်းကြီးနိုင်တယ်လို့ သိရပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်၊မြေပြင်လေဟာ တစ်နာရီမိုင်(၄၀)ခန့်တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် (၅)ပေ (၈)ပေခန့် ရှိနိုင်တယ်လို့သိရပါတယ်။ မုန်တိုင်းငယ်ဟာ ဇွန်လ (၁၂)ရက်နံနက်ပိုင်းမှစတင်ကာ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်အနီးမှ ကမ်းခြေကို ဖြတ်ကျော်ကာ ကုန်းတွင်းကို ၀င်ရောက် သွားမယ်လို့ ဒေါက်တာထွန်းလွင်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

 

Related News