ယမန်နေ့မြန်မာစံတော်ချိန် (၁)နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ် နေပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအား အသင့်အတင့်မှ အားကောင်း နေပါတယ်။ဒီကနေ့ညနေအထိခန့်မှန်းချက်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည် နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား၊ ပဲခူးတိုင်းဒေသကြီးမှာ နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ ချင်းပြည်နယ်တို့မှာ နေရာကျဲကျဲနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း၊ တောင်ပိုင်း)နဲ့ ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါတယ်။လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်မှာ (၆)ပေမှ (၁၀)ပေခန့် ရှိနိုင်ပါတယ်။နောက်(၂)ရက်အတွက်ခန့်မှန်းချက်ကတော့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ မိုးပိုလာပါမယ်။နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်နဲ့ မန္တလေးမြို့နဲ့အနီးတစ်ဝိုက်တို့အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာပါမယ်။ ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ မိုးအသင့်အတင့်ထစ်ချုန်းရွာပါမယ်။

 

 

    

Related News