မေလ (၂၅) ရက်နေ့မှာတော့ Qualification ပြိုင်ပွဲများကိုယှဉ်ပြိုင်ခဲ့ကြပြီး မေလ (၂၆) ရက် နေ့မှာတော့ အပြီးသတ် Final ပြိုင်ပွဲများကိုကျင်းပခဲ့တာလည်းဖြစ်ပါတယ်။မေလ(၂၆)ရက်နေ့မှာတော့ National Short Board အမျိုးသားပြိုင်ပွဲ၊  National Long Board အမျိုးသား ပြိုင်ပွဲများကို ကျင်းပခဲ့ပါတယ်။ Surfingပြိုင်ပွဲနဲ့ SUP ပြိုင်ပွဲ Final ပွဲစဉ်များဟာ ပွဲစဉ်တစ်ပွဲနဲ့ တစ်ပွဲ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ပြိုင်ပွဲများယှဉ်ပြိုင်အပြီးမှာတော့ ဆုပေးပွဲများကို ဆက်လက်ကျင်းပခဲ့ပါတယ်။အခမ်းအနားမှာတော့  Surfing 12နှစ်အောက် ပြိုင်ပွဲ ၊ Surfing open Long Board ပြိုင်ပွဲမှာ ဂျိုရှုအာ(England) နိုင်ငံသား ၊ အေဒီယံ(ပြင်သစ်) ကောင်းထက်စံ(မြန်မာ) တို့က ရရှိခဲ့ပါတယ်။ ဆက်လက်ပြီးNational Surfing Long Board ပြိုင်ပါဝင်များကိုဆုပေးခဲ့ပြီး ၊ national SUP အမျိုးသမီးပြိုင်ပွဲကိုဆုများ ချီးမြင့်ခဲ့ပါတယ်။ Surfing short board Openပြိုင်ပွဲမှာတော့ ဂျိုရှုအာ ၊ ဇီဇီဒီ ၊ အက်ဒီတို့ကအသီးသီးဆွတ်ခူးခဲ့ပြီး National Short board ပြိုင်ပွဲမှာတော့ ပထမဆု အောင်မင်းပိုင် ၊ ဒုတိယလွင်ကိုကိုထက် ၊ တတိယ ကောင်းထက်စံတို့က အသီးသီးဆွတ်ခူးခဲ့တာလည်း ဖြစ်ပါတယ်။ အခုလို Surfing ပြိုင်ပွဲကို ကျင်းပခဲ့တာပထမဆုံးအကြိမ် ကျင်းပခဲ့တာ ဖြစ်ပြီး ၊ အခုလာမယ့်ဂျွန်လ၊ စက်တင်ဘာလနဲ့ အောက်တိုဘာလမှာလည်း အင်ဒိုနီးရှားနိုင်ငံ ၊ ဘာလီကျွန်းကိုလည်း Joint Traingများသွားရောက်လေ့ကျင့် ပြင်ဆင်ပြင်ဆင်ဖို့ရာထားချက်များရှိတယ်လို့ သိရပါတယ်။

 

 

Related News