လာမယ့်နိုဝင်ဘာလ (၁၈) ရက်နေ့မှာယှဉ်ပြိုင်ကစားမယ့် Lethwei Nation Fight ပြိုင်ပွဲမှာ နာမည် ကြီးလက်ဝှေ့ကလပ်တစ်ခုဖြစ်တဲ့ နဂါးမာန်ကလပ်မှ ကစားသမား (၃) ဦးအထိပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်တယ် လို့သိရပါတယ်။နဂါးမာန်လက်ဝှေ့ကလပ်ဟာ ယခင်ကတွေ့ မရှောင်၊ တူးတူးတို့လိုကစားသမားကောင်းတွေထွက်ပေါ်ခဲ့ ပြီး၊ နောက်ပိုင်းမှာလည်းမျိုးဆက်သစ်ကစားသမားကောင်းတစ်ဦးဖြစ်တဲ့ ထွန်းလွင်မိုးကိုလည်းမွေးထုတ်ပေး ထားနိုင်ခဲ့ပါတယ်။ နဂါးမာန်လက်ဝှေ့ကလပ်အနေနဲ့ ယခုတစ်ပတ်မှာယှဉ်ပြိုင်ထိုးသတ်မယ့် Lethwei Nation Fight ပြိုင်ပွဲမှာတော့ နဂါးမာန်လက်ဝှေ့ကလပ်ရဲ့ ကစားသမား (၃) ဦးအထိပါဝင်ယှဉ်ပြိုင်ထိုးသတ်သွားမှာဖြစ် ပါတယ်။

အဆိုပါကစားသမားတွေကတော့ မြတ်မင်း၊ သန့်ဇင်ထွန်းနဲ့ ဗညားတို့ကယှဉ်ပြိုင်သွားမှာဖြစ်ပါ တယ်။ မြတ်မင်းဟာ ထွန်းလွင်မိုးပြီးနောက် နဂါးမာန်ကလပ်ရဲ့ အားထားရတဲ့ကစားသမားတစ်ဦးဖြစ်ပြီး၊ ယခုပွဲစဉ်မှာ တော့ ဒို့ရိုးရာကလပ်မှ ထွန်းလင်းအောင်နဲ့ယှဉ်ပြိုင်ထိုးသတ်ရမှာဖြစ်ပါတယ်။ဒါ့အပြင်အခြားသောလက်ဝှေ့ကလပ်မှာထိုးသတ်ဖူးပေမယ့်လည်း နဂါးမာန်ကလပ်ကိုယ်စားပြုအနေနဲ့ ပထမဦးဆုံးယှဉ်ပြိုင်မယ့်သန့်ဇင်ထွန်းဟာလည်း မုဒုံသားကလပ်မှ ကြယ်တံခွန်နဲ့ပွဲစဉ်အတွက်အကောင်းဆုံးပြင် ဆင်ထားမှုတွေကိုဖြေကြားထားခဲ့ပါတယ်။

လက်ဝှေ့သမားဘ၀ရဲ့ ပထမဦးဆုံးအတွေ့အကြုံတွေကိုလည်းရယူသွားမယ့် နဂါးမာန်လက်ဝှေ့ကလပ်ရဲ့ အသက်အငယ်ဆုံးကစားသမားလေးတစ်ဦးဖြစ်တဲ့ ဗညားဟာလည်း (၃) ချီစိန်ခေါ်ပွဲစဉ်အဖြစ် အဖြူရောင်သွေး သစ်ကလပ်မှ အလင်းတန်းနဲ့ယှဉ်ပြိုင်ထိုးသတ်သွားမှာဖြစ်ပါတယ်။လာမယ့်နိုဝင်ဘာလ (၁၈) ရက်နေ့မှာ နဂါးမာန်ကလပ်မှကစားသမား (၃) ဦးပါဝင်ယှဉ်ပြိုင်ထိုးသတ် သွားမှာဖြစ်ပြီး၊ နဂါးမာန်ကစားသမားတွေအနေနဲ့ ကလပ်အသင်းအတွက်ဘယ်လောက်အထိအောင်မြင်မှုတွေရ ယူပေးသွားနိုင်မလဲဆိုတာစိတ်ဝင်စားဖို့ကောင်းနေခဲ့ပါတယ်။

 

 

Related News