ကန်ဒိုကစားနည်းကတော့ ဂျပန်ကစားနည်းတခုဖြစ်ပြီး ဓါးရေးကျွမ်းကျင်မှုလေ့ကျင့်တဲ့ကစားနည်းတခုလည်းဖြစ်ပါတယ်။၁၉၈၀ ခုနှစ်လောက်မှာတော့ ဂျပန်နိုင်ငံကကန်ဒို ကစားသမားများနဲ့ မြန်မာနိုင်ငံက ကန်ဒိုကစားနည်း   ကို စိတ်ဝင်စားသူများက ပူးပေါင်းပြီးလေ့ကျင့်ကြပေမဲ့ နောက်ပိုင်းမှာ ကန်ဒိုချပ်ဝတ်တန်ဆာ BOGU မှာဈေးကြီး    လွန်တာကြောင့် ကန်ဒိုကစားနည်းကို လေ့ကျင့်သူနည်းပါးပြီး ကစားနည်းကလည်းပျောက်ကွယ်လုသလောက်  ဖြစ်သွားခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာတော့ ကန်ဒိုကစားနည်းကို စိတ်ပါဝင်စားသူများ ပြန်လည်စုစည်းပြီး ကန်ဒိုအဖွဲ့   ချူပ်ပြန်လည်ဖွဲ့စည်းနိုင်ရေးအတွက်ပြန်လည်စုစည်းခဲ့ပါတယ်။ကန်ဒိုပညာရပ်ကတော့ ကိုယ်ကာယကြံ့ခိုင်ရန်လေ့ကျင့်သလို စိတ်ဓါတ်ပိုင်းဆိုင်ရာကောင်းမွန်အောင်လေ့ကျင့်    ခြင်း ၊ စည်းကမ်းပိုင်းဆိုင်ရာလေ့ကျင့်ခြင်းများကို အလေးထား သင်ကြားသောကစားနည်းတခုလည်းဖြစ်ပါ    တယ်။

ကန်ဒိုကစားနည်းက Bogu လို့ခေါ်တဲ့ ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ပြီး ၀ါးဓါးနဲ့လေ့ကျင့်ရတာလည်းဖြစ်ပါ   တယ်။လက်ရှိမှာလည်း မြန်မာကန်ဒိုအဖွဲ့ချူပ်က ထိုင်းနိုင်ငံမှာကျင်းပတဲ့ နကာနဲဖလားပြိုင်ပွဲကို ၀င်ရောက်ယှဉ်   ပြိုင်ပြီးတော့ ရွှေတံဆိပ်ဆွတ်ခူးနိုင်တယ်လို့ သိရပါတယ်။လက်ရှိမှာတော့ မြန်မာကန်ဒိုကစားနည်းအတွက် ဂျပန်နိုင်ငံကနည်းပြဆရာများကိုယ်တိုင်လာရောက်သင်ကြားပေးနေတာဖြစ်ပြီး ထိုင်းနိုင်ငံမှကစားသမားများနဲ့ ဗီယက်နမ်နိုင်ငံမှကစားသမားများလည်း မြန်မာနိုင်ငံမှာအ    လွတ်သဘောနဲ့ လာရောက်လေ့ကျင့်နေတယ်လို့လည်း သိရပါတယ်။

 

 

 

Related News