Clean Yangon  ကမ်ပိန်းအနေနဲ့  မြန်မာနိုင်ငံမှာရှိတဲ့ ကမ်းခြေတွေမှာ အမှိုက်ပစ်ချင်စရာ အမှိုက်ပုံးအလှများ လာမယ့်လတွေမှာ ထားရှိသွားမယ်လို့ မေလ(၁၉)ရက်က ပြုလုပ်ခဲ့တဲ့ Clean Yangon (၂)နှစ်ပြည့်အခမ်းအနားက သိရပါတယ်။Clean Yangon  ကမ်ပိန်းအနေနဲ့ (၂၀၁၇)ခုနှစ်မေလ ကစတင်ပြီး မြို့နယ်အစုံက လမ်းတွေမှာ တစ်လတစ်ကြိမ်အမှိုက်ကောက်  ကမ်ပိန်းတွေကို ပြုလုပ်လာခဲ့တာဖြစ်ပြီးရန်ကုန်မြို့တွင်း မြို့နယ်အစုံရဲ့ နောက်ဖေးလမ်းကြားတွေမှာ Cleanup Challenge တွေကိုလည်း ပြည်သူများစိတ်ဝင်စားပူးပေါင်းပါဝင်လာအောင် ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ ဒီလိုပြုလုပ်လာတဲ့အတွက် ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်လက်ခံလာသလို ရန်ကုန်မြို့တွင်းကလမ်းတွေမှာလည်း ယခင်ထက်စာရင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုတွေလည်း လျော့နည်းလာတာကို တွေ့ရှိရတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် Clean Yangon  ကမ်ပိန်းအနေနဲ့ နောက်ထပ်အစီအစဉ်အသစ်တစ်ခုဖြစ်တဲ့ Clean Beach Program ကို  မြန်မာနိုင်ငံမှာရှိတဲ့ ကမ်းခြေတွေမှာအမှိုက်ပစ်ချင်စရာ အမှိုက်ပုံးအလှများထားရှိကာ ကမ်းခြေမှာ အမှိုက်စည်းကမ်းမဲ့ စွန့်ပစ်မှုလျော့နည်းစေဖို့အတွက် ပြုလုပ်သွားမယ်လို့ သိရပါတယ်။

လက်ရှိမှာ ချောင်းသာကမ်းခြေမှာ အသိပညာပေးဆိုင်းဘုတ်တွေနဲ့ အမှိုက်ပစ်ချင်စရာအမှိုက်ပုံးအလှ ငါးရုပ်ကြီး (၂)ရုပ်ကိုလည်း စတင်ပြုလုပ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။လာမယ့် မိုးတွင်းကာလမှာလည်း Clean yangon   ကမ်ပိန်းအနေနဲ့ Clean Yangn ကနေ  Clean Myanmar ဖြစ်ဖို့ Green Challenge တွေဖြစ်တဲ့ သစ်ပင်စိုက်ပျိုးမှုတွေကို (၂)လတစ်ကြိမ် ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။Clean Yangon ကမ်ပိန်းအနေနဲ့  Clean Yangn ကနေ  Clean Myanmar ဖြစ်ဖို့ အထိရည်မှန်းထားပြီး မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေ အမှိုက်ကိုစနစ်တကျစွန့်ပစ်ပြီး၊ ပတ်ဝန်းကျင်မှာ သန့်ရှင်းသာယာတဲ့ နေ့တစ်နေ့ကို ပိုင်ဆိုင်ဖို့ အတွက် ကြိုးစားနေဆဲ ဖြစ်ပြီး ပတ်ဝန်းကျင်သန့်ရှင်းမှုပညာပေးတွေလုပ်ဆောင်လာပေးတဲ့ အတွက် ရာခိုင်နှုန်းအားဖြင့် အနည်းငယ်တက်လာတယ်လို့ သိရပါတယ်။

 

 

Related News