မြန်မာနိုင်ငံနဲ့ မော်ရိုကိုနိုင်ငံတို့အကြား သံတမန်ဆက်သွယ်ရေးထူထောင်တဲ့ နှစ်(၄၀)ပြည့်အခမ်းအနားကို အောက်တိုဘာလ ၁၂ရက်က နေပြည်တော် M- Gallery Hotelမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံနဲ့မော်ရိုကိုနိုင်ငံဟာ (၁၉၇၈)ခုနှစ်ကစတင်ကာ သံတမန်ဆက်ဆံရေးကို ထူထောင်ခဲ့ကြပြီး ယခု၂၀၁၈ခုနှစ်မှာတော့ နှစ်(၄၀)ပြည့်မြောက် တာလည်း ဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား သံတမန်ဆိုင်ရာဗီဇာကိစ္စတွေ ၊   အကြံပေးလုပ်ငန်းစဉ်တွေဆောင်ရွက် နေတာကြောင့် နှစ်နိုင်ငံကြားမှာ လေးနက်တဲ့ဆက်ဆံရေးတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ မော်ရိုကိုဘုရင်နိုင်ငံ သံအမတ်ကြီး မစ္စတာအက်ဘ်ဒယ်လီလာအယ်လ်ဟိုစနီက ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ မော်ရိုကိုနိုင်ငံ အကြားသံတမန်ဆက်သွယ်ရေးထူထောင်မှုနှစ်(၄၀)ပြည့်သည့် အခမ်းအနား ကို အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် အပါအ၀င် ပြည်ထောင်စုဝန်ကြီးတွေ နဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေတက်ရောက်ခဲ့ကြပါတယ်။ မော်ရိုကိုနိုင်ငံကို ဒုတိယသမ္မတ ဦးမြင့်ဆွေ လည်း သွားရောက်လှည်ပတ်ခဲ့တာ အပါအဝင်  သံတမန်ဆက်ဆံရေး သင်တန်းများတက်ရောက်ဖို့ မြန်မာနိုင်ငံက သင်တန်းသားတွေ စေလွှတ်တာတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ နေပြည်တော်သတင်းအဖွဲ့က ပေးပို့ထားတာပါ။

 

 

 

 

Related News