မြန်မာနိုင်ငံရဲ့ ပထမဆုံး ၀န်ကြီးချုပ် ဦးနုရဲ့ ဘ၀နှင့် သမိုင်းဖြတ်သန်းမှုကိုလေ့လာနိုင်မည့် ပြခန်းကို မေလ ၂၅ ရက် ဦးနုရဲ့ မွေးနေ့မှာ ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ ဦးနုပြခန်းမှာတော့ မြန်မာ့လွတ်လပ် ရေး ကြိုးပမ်းမှုခေတ်ဦးတွင် ပါဝင် ပြီး လွတ်လပ်ရေးပြီးစ မြန်မာနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာသူ၊ ဦးနုလက်ထက်တွင် တရုတ်၊ အိန္ဒိယစသည့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးအလွန်ကောင်းမွန်ပြီး အမေရိကန်၊ ဗြိတိန် စသည့် စူပါ ပါဝါနိုင်ငံများနှင့် အဆင်ပြေ နေထိုင်နိုင်အောင် နိုင်ငံခြား ရေးမူဝါဒကောင်းများ ကျင့်သုံးနိုင် ခဲ့တဲ့ ဦးနုရဲ့ဘဝဖြတ်သန်းမှု သမိုင်းမှန်ကူကွက်များကို  လေ့လာခွင့် ရရှိမှာ ဖြစ်ပါတယ်။

ဦးနုပြခန်းကိုတော့ ရန်ကုန်မြို့ ဆရာစံလမ်းမ ကြီး ပြည်ထောင်စုလမ်းရှိ ခြံအ မှတ် (၄၂) ဝန်ကြီးချုပ် ဦးနု နေအိမ်မှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။  ၀န်ကြီးချုပ်ဦးနုဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှု တွင် ပါဝင်ခဲ့ပြီး ဗိုလ်ချုပ်အောင် ဆန်း၏ နိုင်ငံရေးလုပ်ဖော်ကိုင် ဖက်လည်း ဖြစ်ပါတယ်။ မြန်မာပြည် လွတ်လပ်ရေးရရန် သဘောတူ ညီချက်များအဓိကညှိနှိုင်းခဲ့သော အောင်ဆန်း-အက်တလီစာချုပ် ကို ဗိုလ်ချုပ်ကျဆုံးပြီးနောက် နု- အက်တလီစာချုပ်ဖြင့် အပြီး သတ်ဆောင်ရွက်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

ပြခန်းမှာ ဓာတ်ပုံ ၁,၀၀၀ ခန့် နဲ့  ဦးနုရဲ့အသုံးအ ဆောင်အချို့ကိုလည်း ပြသထားပြီး ဦးနုအမှတ်တရဧည့်ခန်း၊ ဦးနု အမှတ်တရ ဘုရားခန်း၊ ဦးနုအမှတ်တရအိပ်ခန်း နဲ့ ဦးနုအမှတ်တရစာအုပ်ခန်းဆိုပြီး အခန်းတွေခွဲပြီး ပြသထားပါတယ်။ ဦးနုဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရ ပြီးနောက် ပထမဆုံးဝန်ကြီးချုပ်အဖြစ် (၁၂)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ၁၉၉၅ ဖေဖော်ဝါရီ ၁၄ ရက်၊ အ သက် ၈၈ နှစ်အရွယ်မှာ ကွယ်လွန် ခဲ့ပါတယ်။ ယခုပြခန်းဟာ  ဦးနု ကွယ်လွန်ချိန်ထိ နေထိုင်ခဲ့သော အိမ်ဖြစ်တာကြောင့် ဦးနုအမှတ်တရ ပြခန်းအဖြစ်ဖွင့်လှစ်ထားတာပါ။  ပြခန်းကိုတော့ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တွေမှာ သွားရောက်လေ့လာနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

 

 

 

 

Related News