KIA/TNLA အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့ဟာ မူဆယ်မြို့နယ်အတွင်းရှိ လုံခြုံရေးဂိတ်စခန်းများနှင့် မြို့တွင်းရှိနေအိမ်များအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များနှင့် အပြစ်မဲ့တိုင်းရင်းသားပြည်သူများသေဆုံး၊ ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးချုပ်ရုးံက ထုတ်ပြန်ချက်အရ သိရပါတယ်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်းရှိ လုံခြုံရေးဂိတ်စခန်းများနဲ့ မြို့တွင်းရှိ နေအိမ်များကို မေလ ၁၂ ရက်နံနက်အစောပိုင်းတွင် KIA/TNLA အကြမ်းဖက်သောင်းကျန်း သူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြမ်းဖက်ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါတယ်။

ဖြစ်စဉ်များမှာ KIA/TNLA အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့ဟာ  မေလ ၁၂ ရက် နံနက် ၅ နာရီခန့်မှ စတင်ပြီး မူဆယ်မြို့နယ်ရဲတပ်ဖွဲ့ဝင်များနဲ့  နမ့်ခမ်းမြို့မပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များပူးပေါင်းလုံခြုံရေး ဆောင်ရွက်နေတဲ့ မူဆယ်မြို့နယ်၊ ပန်ခမ်းတံတားကို  အင်အား ၅၀ ဦးခန့်က အရှေ့တောင်ဘက်မှလည်းကောင်း၊ မူဆယ်မြို့အတွင်းရှိ နမ့်ခမ်းမြို့မ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ခေါင်းဆောင် ဦးအိုက်စံရဲ့ နေအိမ်တစ်ဝိုက်ကို အင်အား ၃၀ ဦးခန့်က အရှေ့တောင်ဘက်မှလည်းကောင်း၊ မူဆယ်မြို့နယ်ရဲတပ်ဖွဲ့ဝင်များနဲ့  နမ့်ခမ်းမြို့မပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များ ပူးပေါင်းလုံခြုံရေးဆောင်ရွက်နေတဲ့ မန်ဝိန်းဂိတ်အား အင်အား ၁၀ ဦးခန့်က လည်းကောင်း၊ မူဆယ်မြို့၊ ပန်ခမ်းတံတားအနီးရှိ နောင်ရမ်းကျေးရွာကို အင်အား(စိစစ်ဆဲ)က လည်းကောင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခဲ့လို့ မိမိဘက်မှ ပြန်လည် ခုခံတိုက်ခိုက်ခဲ့ရာ မနက် ၈ နာရီခန့်တွင် တောင်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပါတယ်။

အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၁ ဦး၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင် ၄ ဦး၊ အပြစ်မဲ့ တိုင်းရင်းသားပြည်သူ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၁၉ ဦးသေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင် ၆ ဦး၊ အပြစ်မဲ့တိုင်းရင်းသားပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများအား နယ်မြေလိုက်လံရှင်းလင်း ဆောင်ရွက်နေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

 

Related News