Greater Yangon Water Supply Improvement Project (phase1) စီမံကိန်း Ground Breaking ဖွင့်ပွဲအခမ်းအနားကို မေလ(၁၀)ရက်က ရန်ကုန်မြို့သံလျင်တံတားအမှတ်(၂)ချဉ်းကပ် လမ်းအောက်ဖက်၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှာ ပြုလုပ်ခဲ့ပါတယ်။ဒီစီမံကိန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ ဂျပန်နိုင်ငံ JICA အဖွဲ့တို့ ပူးပေါင်းပြီးဆောင်ရွက်တာဖြစ်ပါတယ်။ စီမံကိန်းမှာ သောက်ရေရှားပါးတဲ့ ဒဂုံဆိပ်ကမ်းမြို့သစ် (၄)မြို့နယ်မှာ ရေအလုံအလောက်ရရှိအောင်ပေးဝေနိုင်ရန်နဲ့ သီလ၀ါစက်မှုဇုန်ကို တစ်နေ့ ရေဂါလံပေါင်း(၁၀)သန်းကို ပေးဝေနိုင်အောင်အဓိကဆောင်ရွက်ရန် ရည်ရွယ်ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ဒဂုံမြို့နယ်တွေကို ရေပေးဝေရာမှာ ရေတွန်းစက်ရုံကတစ်ဆင့် ရေပေးဝေနေတာ ဖြစ်တာကြောင့် ရေပေးဝေမှုမမျှတတာတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။လက်ရှိမှာလုပ်ဆောင်မယ့် စီမံကိန်းပြီးရင် ရေကိုလုံလောက်စွာပေးဝေနိုင်မှာဖြစ်ပြီး နိုင်ငံတကာ နည်းပညာတွေနဲ့ ရေပေးဝေတဲ့ စနစ်ကိုလုပ်ဆောင်ပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။Greater Yangon Water Supply Improvement Project (phase1) စီမံကိန်းကို လာမယ့် (၂၀၂၂)ခုနှစ်မှာ အပြီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းအတွက် ဂျပန်နိုင်ငံမှချေးငွေ ယန်း(၂၃)ဘီလီယံကျော်နဲ့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News