ယီမင်နိုင်ငံ၊ ဆာအာဒါခရိုင်နားမှာ ဇန်န၀ါရီလ(၇)ရက်က ဆော်ဒီစစ်တပ်လေယာဉ်(၁)စီးကို ယီမင်တပ်ဖွဲ့တွေကပစ်ချခဲ့တယ်လို့ အီရစ်ဘ်သတင်းဌာနကသတင်းဖော်ပြပါတယ်။ ပစ်ချခံရတဲ့ လေယာဉ်ဟာ ဗြိတိန်လုပ် ““တော်နေးဒိုး””လေယာဉ်အမျိုးအစားဖြစ်တယ် လို့လည်း သတင်းမှာပါဝင်ပါတယ်။

တစ်ချိန်တည်းမှာပဲ ဆော်ဒီဘုရင့်နိုင်ငံက ဂျီဇန်ခရိုင်မှာရှိတဲ့ မီယာဇတ်ဘ် အခြေစိုက် စခန်းကို ယီမင်စစ်တပ်ရဲ့ဒုံးကျည်ပစ်လွှတ်ရေး တပ်ဖွဲ့က ပဲ့ထိန်းဒုံးကျည်(၁)စင်းပစ်လွှတ်ခဲ့ပါတယ်။ ယီမင်စစ်တပ်ရဲ့ ဒုံးကျည်ကြောင့် အပျက်အစီးတချို့ရှိခဲ့တယ် လို့လည်း ဆော်ဒီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ယီမင်နိုင်ငံဟာ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေ တွေ့ကြုံနေရတာ (၃)နှစ်ကျော်နေပါပြီ။ ပြီးခဲ့တဲ့(၂၀၁၅)ခုနှစ်ကတည်းက ဆော်ဒီနဲ့မဟာ မိတ်ဖြစ်တဲ့ ယီမင်သမ္မတဟောင်း မာဆိုနာ ဟဒီကို အုပ်ချုပ်ရေးအာဏာပြန်ပေးနိုင်ရေးအတွက် ယီမင်နိုင်ငံတွင်းက ဟူသီခွဲထွက် ရေးသမားတွေကို ဆော်ဒီဦးဆောင်တဲ့ညွှန့်ပေါင်းတပ်ဖွဲ့တွေက လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတာ ဖြစ်ပါတယ်။ ယီမင်နိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ယီမင်နိုင်ငံသား(၁၂၀၀၀)ကျော်လောက် သေဆုံးခဲ့ပြီးဖြစ်ပါတယ်။

 

 

 

 

Related News