ဒီဇင်ဘာ(၁၅)ရက်မှာကျင်းပခဲ့တဲ့ တတိယအကြိမ် လန်ကန်-မဲခေါင်ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဟာ အပြုသဘောဆောင်ပြီး ရလဒ်ကောင်းတွေ ရရှိခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ရီက ပြောပါတယ်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊  ယူနန်ပြည်နယ်က တလီမြို့မှာ ဒီဇင်ဘာ(၁၆)ရက်မှာပြုလုပ်ခဲ့တဲ့ လန်ကန်-မဲခေါင်ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။ တရုတ်၊ ကမ္ဘောဒီး ယား၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဒေသတွင်းက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစိတ်အစီအစဉ်တွေ၊ ပူးပေါင်းလေ့ကျင့်ရေးစီမံကိန်းတွေနဲ့ လန်ကန်-မဲခေါင်အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်းစီရဲ့ဖွံ့ဖြိုး ရေးမဟာ ဗျူဟာဖန်တီးရေးတွေကို သဘောတူခဲ့ကြတယ်လို့ ၀မ်ရီကပြောပါတယ်။
 
မဲခေါင်-လန်ကန်ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တွေ စတင်ခဲ့တာ (၁၈)လပဲရှိသေးပေမဲ့ လုပ်ငန်းဆောင်ရွက်မှုတွေက တိုးတက်လာတဲ့အခြေအနေရောက်နေပြီ ဖြစ်တယ်လို့လည်းဝန်ကြီးက ပြောပါတယ်။မဲခေါင်-လန်ကန်ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ကနေ ရရှိနိုင်တဲ့အကျိုးအမြတ်တွေကို ကောင်းကောင်း အသုံးချနိုင်ဖို့လည်း ၀မ်ရီက တိုက်တွန်းခဲ့ပြီး ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအသိုက်အ၀န်းတစ်ခု တည်ဆောက်နိုင်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှုမှာပါဝင်တဲ့နိုင်ငံတွေရဲ့နိုင်ငံသားတိုင်း အကျိုးရှိစေမယ့် အသိုက်အ၀န်းတစ်ခု ဖြစ် လာအောင် လုပ်ဆောင်သွားဖို့လည်း သူက ပြောခဲ့ပါတယ်။ 
 
 

Related News