ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနနဲ့ Clean Yangon Campaign အဖွဲ့အစည်းတွေ ပူးပေါင်းကာ ဇွန်လ (၁၁)ရက်နေ့က အမှိုက်ကောက်ခြင်း၊ ကမ်ပိန်းပြုလုပ်ခဲ့ကြတာဖြစ်ပြီး အဲ့ဒီနေ့က ပရဟိတအဖွဲ့အစည်းပေါင်း (၆)ခုမှ အတွေ့အကြုံတွေကို မနေ့က ဇွန်လ(၁၃)ရက်နေ့ မဟာဝိဇယဘုရား၊ မထသ ဓမ္ဓာရုံမှာ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ ရန်ကုန်မြို့ ပန်းပဲတန်းနဲ့ ကျောက်တံတားမြို့နယ်တွေမှာ ပါဝင်အမှိုက်ကောက်ခဲ့တဲ့ ပရဟိတအဖွဲ့အစည်း (၄၀)ကျော်က သူတို့ရဲ့အတွေ့အကြုံ၊ အခက်အခဲ ၊ ဗဟုသုတတွေကို ပြန်လည်သုံးသပ်ခဲ့ကြပြီး အသင်း ၁ သင်း ချင်းစီရဲ့ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို နောက်လတွေမှာ လိုအပ်ချက်မရှိအောင် ပြုပြင်သွားနိုင်ဖို့အတွက် အခုလို တွေ့ဆုံရခြင်းဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်မြို့တွင်းမှာ စည်းကမ်းမဲ့ စွန့်ပစ်နေကြတဲ့ အမှိုက်တွေဟာ ကွမ်းတံတွေး အိတ်တွေ၊ ပလတ်စတစ် အိတ်ခွံတွေကို အများဆုံးတွေ့ရပြီး  ရေမြောင်းတွေ၊ လူသွားလမ်းတွေမှာ စည်းကမ်းမဲ့စွာ စွန့်ပစ်ထားကြတာကို တွေ့မြင်ခဲ့ရတယ်လို့ ပြောပါတယ်။

Clean Yangon Campaign ရဲ့ စုပေါင်းအမှိုက်ကောက်ခဲ့တဲ့ အတွေ့အကြုံတွေကို ပြောကြား ခဲ့ရာမှာ အမှိုက်တွေကို ကောက်ယူရာမှာ အသက်အန္တရယ်ဖြစ်စေနိုင်တဲ့ နေရာတွေကိုရှောင်ကြဉ်ဖို့ ၊ လမ်းကြောင်းတစ်လျှောက် အမှိုက်ကောက်ရာမှာ စေတနာရှင်တွေရဲ့ ငွေကြေးအလှူတွေကို လက်မခံဘဲ ပစ္စည်းအလှူကိုသာ လက်ခံပေးဖို့နဲ့ ပူးပေါင်းပါဝင်မယ့် ကုမ္ပဏီ (CSR) အဖွဲ့အစည်း တွေမှ ကိုယ်ပိုင်အကျီတွေ ၀တ်ခွင့်ရှိသော်လည်း Clean Yangon အမှတ်အသားကို အသုံမပြုဖို့  လိုအပ်ချက်တွေကို ဆွေးနွေးသွားခဲ့ပါတယ်။ ရန်ကုန်မြို့မှာ လူဦးရေ ၅ဒသမ ၈သန်းခန့်ရှိပြီး လူတစ်ဦးလျှင် အမှိုက် သုည ဒသမ ၄၁ ကီလိုဂရမ် ခန့်စွန့်ပစ်နေကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ တစ်နှစ်လျှင် အမှိုက်တန် ချိန်ပေါင်း  ၂၅၀၀ခန့် သိမ်းဆည်းနေရပြီး စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုမှာ တန် ၁၀၀ခန့်ရှိပါတယ်။ အဆိုပါအမှိုက်တွေကို ထိန်ပင်၊ ထားဝယ်ချောင်း၊ ကျူးချောင်း၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ မင်္ဂလာဒုံတို့ရှိ အမှိုက်ပုံတွေကို စွန့်ပစ်နေရတယ်လို့ သိရပါတယ်။

 

Related News