မိုးရာသီအစောပိုင်းကာလ ကျောင်းဖွင့်ရာသီမှာ ရန်ကုန် Book Plaza တွင် ကျောင်းသုံးသင်ထောက်ကူစာအုပ်တွေ ရောင်းအားတက်နေတယ်လို့ ရန်ကုန် Book Plaza တည်ထောင်ထားသူမှ ပြောပါတယ်။ ယမင်းအဉ္ဇလီက တင်ဆက် ပေးပါမယ်။
မိုးရာသီအစောပိုင်းကာလ ကျောင်းဖွင့်ရာသီမှာ ရသစာအုပ်၊ ကဗျာစာအုပ်၊ ဘာသာပြန်စာအုပ်တွေ ရောင်းအားကျ နေပြီး ကျောင်းသုံးသင်ထောက်ကူစာအုပ်တွေ ရောင်းအားကောင်းနေတယ်လို့ သိရပါတယ်။ ကျောင်းဖွင့်ရာသီကျော်ပြီး နောက်လတွေမှာတော့ အခြားစာအုပ်ရောင်းအားတွေက ပုံမှန်အတိုင်းပြန်ဖြစ်လာ နိုင်တယ်လို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။ ယခုပညာသင်နှစ်မှာ ပြောင်းလဲသွားတဲ့ သင်ရိုးညွှန်းတန်းတွေအရ ကျောင်သား၊ ကျောင်းသူတွေအနေနဲ့ ကျောင်းစာအပြင် ဗဟုသုတစာပေတွေကိုပါ လေ့လာရမယ့် ပညာရေးစနစ်ဖြစ်တဲ့အတွက် နောက်ပိုင်းမှာ စာအုပ်ရောင်းအားတွေ ယခုအချိန်ထက် တိုးတက်လာမှာဖြစ်တယ်လို့ ရန်ကုန် Book Plaza တည်ထောင်သူ ကိုမြေမှုန်လွင်က ပြောပါတယ်။

ရန်ကုန် Book Plaza ကို (၂၀၁၇)ခုနှစ် မတ်လပိုင်းက စတင်တည်ထောင်ခဲ့ပြီး စတင်တည်ထောာင်စဉ် အချိန်ကနေ ယခုအချိန်အထိ စာအုပ်ရောင်းချမှုက အစိုးရရုံးပိတ်ရက်တွေနဲ့ ဈေးရောင်းပွဲတော်ရက်တွေမှသာ ရောင်းချမှုများပြား တယ်လို့ သိရပါတယ်။ သင်ရိုးညွှန်းတန်းအသစ်ပြောင်းလဲထားတာကြောင့် ကျောင်းသုံးသင်ထောက်ကူ စာအုပ်ရောင်းအားက မနှစ်ကနဲ့ နှိုင်းယှဉ်ရင် ရောင်းအား အတူတူလောက်ပဲရှိတယ်လို့ ရွှေလက်ဆောင်စာပေက စာအုပ်အရောင်းတာဝန်ခံက ပြောပါတယ်။ရန်ကုန် Book Plaza အနေနဲ့ နှစ်စဉ်မိုးရာသီမှာ စာအုပ်ဈေးရောင်းပွဲတော်တွေကို ကျင်ပပြုလုပ်လေ့ရှိပြီး ယခုနှစ်မိုးရာသီမှာတော့ ဇူလိုင် (၁၉)ရက် အာဇာနည်နေ့မှာ စာအုပ်ဈေးရောင်းပွဲတော်ပြုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

 

 

Related News