ဆည်းဆာရိပ်(ဂိလာန)ဘိုးဘွားရိပ်သာက ဘိုးဘွားတွေအတွက် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) အမှုဆောင်အဖွဲ့ဝင် တွေက တီးခတ်သီဆိုကာ ဖျော်ဖြေခဲ့ကြတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)က ဖျော်ဖြေရေးဆပ်ကော်မတီအနေနဲ့ ဆည်းဆာရိပ်(ဂိလာန)ဘိုးဘွားရိပ်သာက ဘိုးဘွားတွေအတွက် မြန်မာသံ ခေတ်ပေါ်တေးသီချင်းတွေ၊ နှစ်ဟောင်းသီချင်းတွေနဲ့ သီဆိုဖျော်ဖြေပေးခဲ့ကြပါတယ်။ ဒီလို ဖျော်ဖြေမှုနဲ့အတူ မြန်မာနိုင်ငံဂီတအစည်းအရုံးအနေနဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ အလင်္ကာကျော်စွာဆရာ ရွှေပြည်အေးရဲ့ တေးသီချင်းတွေကို FM တွေမှာ အသုံးပြုမှုတွေက ရရှိတဲ့ငွေတွေကို ရံပုံငွေအဖြစ် ထားရှိထားတဲ့ ငွေထဲက ငွေကျပ်ငါးသိန်းကို ဘိုးဘွားတွေအတွက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဒီလို ဖျော်ဖြေရာမှာ ဖျော်ဖြေရေးအဖွဲ့ဝင် (၁၅)ဦးက သူတို့ခေတ်က ထင်ရှားခဲ့တဲ့ တေးသီချင်းနဲ့ သီဆိုဖျော်ဖြေမှုတွေကြောင့်  ဘိုးဘွားတွေက သီချင်းလိုက်လံသီဆိုတာ၊ ကပြတာတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။ ဒီလိုဘိုးဘွားတွေ အတွက် စိတ်ပျော်ရွှင်မှုကို ပေးနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)တွဲဖက်ဘဏ္ဍာရေးမှူးက ပြောပါတယ်။ဆည်းဆာရိပ်(ဂိလာန)ဘိုးဘွားရိပ်သာမှာ အသက် (၇၀)မှ (၁၀၀)ကျော်ရှိ အဘိုး(၃၃)ဦးနဲ့ အဘွား(၆၆)ဦး နေထိုင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News