Youth Bazaar နှင့် လွင်ဦးစာပေ(လှည်းတန်း) တို့မှ ပူးပေါင်းပါဝင်ကျင်းပတဲ့ Youth Bazaar လူငယ်နှင့်စာပေပွဲတော်ကို ဇွန်လ(၁၂)ရက်မှစတင်ပြီး ရန်ကုန်မြို့   ၊ ပြည်သူ့ရင်ပြင်မှာရှိတဲ့  Happy Zone မှာ ပြုလုပ်နေပါတယ်။လူငယ်တွေကို စာအုပ် ၊စာပေတွေနဲ့နီးစပ်စေချင်သလို စာပေကို ပိုမိုလေ့လာစေဖို့အတွက်ရည်ရွယ်ပြီး ကျင်းပပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။ပွဲတော်မှာတော့ သုတ ၊ ရသစာအုပ်များအပြင် လူငယ်တွေနဲ့ ပတ်သက်တဲ့စာအုပ်များ ၊ နိုင်ငံရေးစာအုပ်များ ၊အင်္ဂလိပ်စာ စာအုပ်များ ၊ ဘာသာပြန်စာအုပ်များနဲ့ နိုင်ငံကျော်စာရေးဆရာ၊ဆရာမကြီးတွေရဲ့ စာအုပ်တွေကို ရောင်းချပေးနေတာဖြစ်ပါတယ်။

လူငယ်နှင့်စာပေပွဲတော်မှာရောင်းချနေတဲ့ စာအုပ်တွေကို (၁၀)ရာခိုင်နှုန်းကနေ (၂၀)ရာခိုင်နှုန်းအထိ ဈေးလျှော့ရောင်းချပေးနေတာလည်းဖြစ်ပါတယ်။
လူငယ်နှင့်စာပေပွဲတော်ကို ဇွန်လ(၁၂)ရက်မှ(၁၆)ရက်အထိ (၅)ရက်ကြာ  ပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

 

Related News