Clean Yangon ရဲ့ (၂)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို မေလ(၁၉)ရက်က ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။Clean Yangon အနေနဲ့ (၂၀၁၇)ခုနှစ် မေလက စတင်ပြီး ရန်ကုန်မြို့တွင်းက လမ်းတွေမှာ တစ်လတစ်ကြိမ် အမှိုက်ကောက် Campaign တွေကို ပြုလုပ်လာခဲ့တာဖြစ်ပြီး ယခု(၂)နှစ်ပြည့်အထိ အမှိုက်ကောက် Campaign(၂၄)ကြိမ်ပြုလုပ်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခု(၂၀၁၉) ခုနှစ်အတွင်းမှာလည်း Clean Up Challenge တွေကို ပြည်သူတွေ ပူးပေါင်းပါဝင်စိတ်ဝင်းစားခဲ့တဲ့အထိ ပြုလုပ်နိုင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

Clean Yangon(၂)နှစ်ပြည့် အခမ်းအနားမှာတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များရဲ့ ဆွေးနွေးပွဲစကားဝိုင်းများ၊ မျက်လှည့်အစီအစဉ်များ၊ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ရဲ့ ဖျော်ဖြေတင်ဆက်မှုများ၊ လက်မှုပစ္စည်းပြခန်းများ၊ စွန့်ပစ်ပစ္စည်းများကို ပြန်လည်တီထွင်ထားတဲ့ အသုံးအဆောင်ပြခန်းများ၊ နောက်ဖေးလမ်းကြားကို ဥယျာဉ်ဖြစ်အောင် တည်ဆောက်ပေးနေတဲ့ ဒို့အိမ်ရဲ့ Project ပြခန်းများ၊ ဥာဏ်ရည်မသန်စွမ်းကလေးငယ်များရဲ့ လက်ရာများ၊ မိဘမဲ့ကလေးငယ်များရဲ့ လက်မှုပစ္စည်းအရောင်းပြခန်းများ ပါဝင်ပြသခဲ့ကြပါတယ်။ Clean Yangon အနေနဲ့ Clean Yang၀n ကနေ  Clean Myanmar ဖြစ်ဖို့အထိ ရည်မှန်းထားပြီး မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေအနေနဲ့ အမှိုက်ကို စနစ်တကျ စွန့်ပစ်တတ်စေဖို့၊ ပတ်ဝန်းကျင်မှာ သန့်ရှင်းသာယာတဲ့ နေ့တစ်နေ့ကို ပိုင်ဆိုင်ဖို့အတွက် ကြိုးစားနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

Clean Yangon အနေနဲ့ လက်ရှိ ချောင်းသာကမ်းခြေမှာ အမှိုက်စနစ်တကျစွန့်ပစ်စေဖို့အတွက် အသိပညာပေး ဆိုင်းဘုတ်တွေနဲ့ အမှိုက်စွန့်ပစ်ဖို့အတွက် ငါးရုပ်အမှိုက်ပုံးကြီး(၂)ခုကို ထားရှိပေးထားသလို  နောက်ပိုင်းမှာလည်း ပြည်တွင်းရှိ ကမ်းခြေတွေမှာ အခုလို လုပ်ဆောင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် လာမယ့် မိုးဦးကျကာလမှာလည်း သစ်ပင်စိုက်တဲ့ Challenge တွေကိုလည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။ 

 

Related News