ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာမှာ အသုံးပြုရန် Laptop ကွန်ပျူတာ (၅)လုံးကို ကိုရီးယားနိုင်ငံ Former MWTV က လာရောက် လှူဒါန်းခဲ့ပါတယ်။ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာမှာ ရုပ်ရှင်မြှင့်တင်ရေးအတွက် နိုင်ငံတကာက လာရောက်သင်တန်းပေးတာတွေရှိပြီး ရုပ်ရှင် ၀ါသနာပါတဲ့ လူငယ်ပညာရှင်တွေအနေနဲ့ တည်းဖြတ်ပညာကို သင်ကြားရာမှာလိုအပ်နေတဲ့ Lap Top ကွန်ပျူတာ (၅)လုံးကို လာရောက်လှူဒါန်းတာဖြစ်ပါတယ်။ ဒီလိုလာရောက် လှူဒါန်းတဲ့ ကွန်ပျူတာတွေဟာ တစ်လုံးကို မြန်မာငွေကျပ် (၇)သိန်းကျော် တန်ဖိုးရှိတယ်လို့ သိရပါတယ်။

ဒီလိုလှူဒါန်းမှုနဲ့အတူ မြတ်ပန်းတော်ဝင်ရုပ်ရှင်နှင့် ဗွီဒီယိုထုတ်လုပ်ရေးမှလည်း ရုပ်ရှင်ဇာတ်ဝင်ခန်းသုံးပစ္စည်းများ၊ မြဇော်ဖလင် မှလည်း အဖြူအမဲရုပ်ရှင်ဇာတ်ကားများဖြစ်သော ဂျပု ရုပ်ရှင်ဇာတ်ကားနှင့် ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀ ရုပ်ရှင်ဇာတ်ကားတို့ ကိုလည်း လာရောက်လှူဒါန်းခဲ့တယ်လို့သိရပါတယ်။ဒီလိုလှူဒါန်းမှုတွေကို မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာမှာရှိတဲ့ ရုပ်ရှင်စတူဒီယို တွေမှာ အသုံးပြုသွားမယ့်အပြင် ထိန်းသိမ်းသင့်တဲ့ ရုပ်ရှင်ပစ္စည်းတွေအတွက်ကိုလည်း ပြတိုက်ဖွင့်လှစ်ကာ ပြသသွားမယ်လို့သိရပါတယ်။ရုပ်ရှင်နဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေကို လှူဒါန်းလိုသူတွေရှိရင်လည်း ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာအနေနဲ့ လက်ခံပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

Related News