ဂျပန်နိုင်ငံကထုတ်လုပ်တဲ့ကာတွန်းဇာတ်ကောင်တွေထဲမှာချစ်စရာကောင်းတဲ့အစောဆုံးကာတွန်းဇာတ်ကောင်တစ်ခုဖြစ်တဲ့Hello Kittyရဲ့(၄၅)နှစ်ပြည်တဲ့အထိမ်းအမှတ်ကျင်းပနေတဲ့ပြပွဲကိုလာရောက်တဲ့ပရိသတ်တွေက ဂျပန်နိုင်ငံမြို့တော်တိုကျိုမှာစုဝေးနေပါတယ်။ဂျပန်နိုင်ငံကလူကြိုက်များတဲ့ကာတွန်းဇာတ်ကောင်တစ်ခုဖြစ်တဲ့ Hello Kittyကိုစဖန်တီးတာ (၄၅)နှစ်ပြည့်တဲ့နေ့ကျင်းပဖို့ ဂျပန် နိုင်ငံမြို့တော်တိုကျိုမှာပြပွဲတစ်ခုကျင်းပနေတာကြောင့် ကာတွန်းပရိသတ်တွေစုဝေးနေပါတယ်။ (၁၉၇၄)ခုနှစ်မှာစပြီးထုတ်လွှင့် ခဲ့ပြီးဒီဇိုင်နာယူကို ရှီမီဇူကဖန်တီးခဲ့တဲ့အဲဒီကာတွန်းဇာတ်ကောင်ကိုသူ့ရဲ့နာမည်အပြည့်အစုံဖြစ်တဲ့ Kitty Whiteဆိုတာနဲ့လည်းသိကြပါတယ်။ ဂျပန်ကုမ္ပဏီဆန်ရီယိုကထုတ်လုပ်ခဲ့တဲ့အဲဒီကာတွန်းဇာတ်ကောင်ဟာဂျပန်နိုင်ငံရဲ့ဖန်တီးမှုတွေထဲမှာတစ်ခုဖြစ် လာပါပြီ။ ပြပွဲမှာ Hello Kittyအရုပ်(၁၀၀)နဲ့အလှဆင်ထားတဲ့တံခါးကိုလည်း ပြထားပါတယ်။

ဒါ့အပြင် ပြပွဲမှာ Hello Kittyဇာတ် ကောင်ကကစားတဲ့လူရဲ့လှုပ်ရှားမှုတွေကိုအာရုံခံပြီး ကပြတဲ့ဂိမ်းကစားလို့ရတဲ့နေရာတစ်နေရာလည်းပါဝင်ပါတယ်။ အရုပ်တွေ၊ ဓာတ်ပုံအယ်လ်ဘမ်တွေ၊ ဒီဇိုင်းအကြမ်းတွေအပါအ၀င် ခင်းကျင်းပြသမှုပေါင်း(၁၀၀၀)နီးနီးရှိနေလို့ လာလည်သူတွေအတွက် အ မှတ်တရဖြစ်စေမယ့်နေရာဖြစ်နေပါတယ်။ လက်ဆောင်ဆိုင်တွေမှာလည်း Hello Kittyလက်ကိုင်ပုဝါနဲ့ မတ်ခွက်တွေအပါအ၀င် ပစ္စည်းအမျိုးအစား(၆၀၀)လောက်ရှိနေပါတယ်။ Hello Kittyဆိုတာချစ်စရာကောင်းတဲ့ကာတွန်းဇာတ်ကောင်တွေရဲ့အစောဆုံးဇာတ်ကောင်ဖြစ်ပြီးပရိသတ်တွေနဲ့ထိတွေ့နေတုန်းမို့လို့ ပြပွဲစီစဉ်ခဲ့တာလို့ ပွဲစီစဉ်သူတွေထဲမှာပါဝင်တဲ့ ယူကီယူချီဒါကပြောပါ တယ်။

 

 

 

Related News