(၂၀၁၉)ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကာလအတွင်းရန်ကုန်တိုင်းဒေသကြီးမှာဖြစ်ပွားခဲ့တဲ့မှုခင်းများကြောင့်လူ(၂)ဦးသေဆုံးပြီး (၁၈)ဦးဒဏ်ရာရရှိခဲ့တယ်လို့ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကထုတ်ပြန်ပေးထားတဲ့ စာရင်းအရသိရပါတယ်။သင်္ကြန်ပွဲတော်(၄)ရက်တာကာလအတွင်းလူသတ်မှုတစ်မှုအပါအ၀င် ယာဉ်တိုက်မှု(၂)မှု၊ခိုက်ရန်ဖြစ်ပွားတဲ့ နာကျင်စေမှုက (၃)မှု၊သေမှုသေခင်းက(၁)မှုစုစုပေါင်း(၇)မှုဖြစ်ပွားခဲ့ပါတယ်။လူသတ်မှုတစ်မှုမှာလူတစ်ဦးသေဆုံးခဲ့ပြီး(၂)ဦးဒဏ်ရာရရှိခဲ့တာပါ။ယာဉ်တိုက်မှု(၂)မှုကလူ(၉)ဦးဒဏ်ရာရရှိခဲ့ပြီးနာကျင်စေမှု(၃)မှုမှာလူ(၇)ဦးဒဏ်ရာရရှိခဲ့ပါတယ်။သေမှုသေခင်းတစ်မှု ဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ပါတယ်။လူသတ်မှုကတော့သင်္ကြန်အတက်နေ့မှာ လှိုင်သာယာမြို့နယ်အတွင်းဖြစ်ပွားခဲ့တာဖြစ်ပြီး အရက်အတူသောက်ရင်းစကားများရန်ဖြစ်ရာကနေလူသတ်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကပြောပါတယ်။

လက်ရှိမှာတော့ သင်္ကြန်ပြီးကာလစီမံချက်အဖြစ် ဒီအမှုတွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာတရားရုံးတွေကိုတရားစွဲဆိုတင်ပို့နိုင်ရေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ကဆက်လက်ဆောင်ရွက်နေတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့(၂၀၁၈)ခုနှစ် သင်္ကြန်ကာလနဲ့နှိုင်းယှဉ်ရင်တော့ လူသတ်မှုတစ်မှုသာတိုးဖြစ်ပွားခဲ့ပြီးကျန်အမှုအခင်းတွေကတော့ ကျဆင်းခဲ့သလိုလူသေဆုံးမူမှာလည်း(၁)ဦးလျော့ကျခဲ့တယ်လို့သိရပါတယ်။

 

 

Related News