Myanmar Ocean Project အဖွဲ့ အနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းလောက်က စတင်ပြီး တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုဘက်က ကျွန်းတွေဆီကို သွားရောက်ပြီး ပင်လယ်ရေအောက် အမှိုက်တွေကို ရှင်းလင်းခဲ့ရာမှာ အမှိုက်တန်ချိန် ကီလိုတစ်ထောင်ကျော်ကို ရှင်းလင်းပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ 
မြန်မာနိုင်ငံပင်လယ်ရေအောက် သန့်ရှင်းရေးအတွက် ရည်ရွယ်ကာ  Myanmar Ocean Project အသင်းကို ဖွဲ့စည်းထားခဲ့တာဖြစ်ပြီး ပထမဦးဆုံးလုပ်ငန်းစဉ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုဘက်က ကျွန်းတွေဆီကိုသွားရောက်ပြီး ပင်လယ်ရေအောက် အမှိုက်တွေကို ရှင်းလင်းခဲ့ရာမှာ အမှိုတ်တန်ချိန် ကီလိုတစ်ထောင်ကျော်ကို ရှင်းလင်းပေးနိုင်ခဲ့တယ်လို့ ဒီအသင်းကို စတင်ဖွဲ့စည်းဖြစ်ခဲ့တဲ့ မသန္တာကိုကြီးက ပြောပါတယ်။

မသန္တာကိုကြီးဟာ မြန်မာနိုင်ငံက ရေငုပ်အမျိုးသမီး ဖြစ်ပြီး ပင်လယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေနဲ့ပက်သက်ပြီး လုပ်ဆောင်နေတဲ့သူတစ်ဦးဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာစတင် ရေငုပ်ခဲ့တဲ့သူတစ်ဦး ဖြစ်ပြီး သြစတေးလျနိုင်ငံမှာ ပထမဦးဆုံး ရေငုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ စတင်လုပ်ဆောင်စဉ်က အပျော်တမ်းရေငုပ်ခဲ့ပေမဲ့ ပင်လယ်ပြင်မျက်နှာပြင်အောက်က အခြေအနေတွေကို မြင်တွေ့ခဲ့ပြီး ပင်လယ်ပတ်ဝန်းကျင် ထိန်းသိမ်းဖို့အတွက် ဖြစ်လာတယ်လို့ မသန္တာကိုကြီးက ပြောပါတယ်။ နိုင်ငံ ဆယ်နိုင်ငံနီးပါးက ပင်လယ်တွေမှာ ရေငုပ်ခဲ့ပြီး ပင်လယ်ပြင်အောက်က အခြေအနေတွေကို ထိန်းသိမ်းဖို့အတွက် ဆောင်ရွက်နေပြီး ဒီပင်လယ်ပြင်အောက်က ရေသတ္တဝါတွေ မရှိတော့ရင် လူသားတွေကိုပါ ထိခိုက်လာနိုင်တယ်လို့ မသန္တာကိုကြီးက ပြောပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံက ပင်လယ်ပြင်တွေမှာ သွားရောက်လေ့လာချိန်မှာလည်း  အသုံးပြုပြီးသား ငါးဖမ်းပိုက်တွေကို  ပင်လယ်ပြင်အောက်မှာ စွန့်ပစ်ထားတာ အများအပြားတွေ့ခဲ့ရတာကြောင့် ဆက်လက်လုပ်ဆောင်သွားဖို့တွေ ရှိတယ်လို့ မသန္တာကိုကြီးက ပြောပါတယ်။ ပထမဦးဆုံးအကြိမ် တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုဘက်က ကျွန်းတွေဆီကိုသွားရောက်ခဲ့ပြီး နောက်မှာတော့ မြန်မာနိုင်ငံရဲ့ အထင်ကရနေရာတွေကိုလည်း ဆက်လက်သွားရောက်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

 

Related News