မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ရှေးဟောင်းသမိုင်းဝင်ဘုရားသုံးဆူတောင်ပေါ်မှာ တည်ထားကိုးကွယ်ထားတဲ့ ဥာဏ်တော်အမြင့် (၂၅၅ပေ၊၆လက်မ)ရှိ ထိုင်တော်မူ ဂေါတမဗုဒ္ဓရုပ်ပွားတော်ဘုရားကြီး လာရောက် ဖူးမျှော်သူတွေကို အခမဲ့တည်းခိုဆောင်နဲ့စတုဒီသာကျွေးနေတယ်လို့ သိရပါတယ်။ ထိုင်တော်မူဂေါတမဗုဒ္ဓရုပ်ပွားတော်ဘုရားကြီးတည်ဆောက်ဖို့အတွက် (၂၀၁၃)ခုနှစ်ကစပြီး ဘုရားသုံးဆူတောင်ပေါ်မှာ မြေထိန်းခြင်းလုပ်ငန်းကိုစတင်လုပ်ဆောင်ခဲ့ပြီး (၂၀၁၆)ခုနှစ်မှ အုတ်မြစ်ချခဲ့တယ်လို့သိရပါတယ်။ ဘုရားကြီးရဲ့အတွင်းပိုင်းမှာ အထပ်ပေါင်း(၁၈)ထပ် ပါဝင်ပြီးဘုရားဖူး ပြည်သူတွေကိုတော့ ဘုရားကြီးရဲ့ ပထမအထပ်ထိသာ ၀င်ရောက် ဖူးမျှော်ခွင့်ပြုသွားမှာဖြစ်ပြီး ကျန်အထပ်တွေကိုတော့ ပြင်ဆင်ထိန်းသိမ်းစောင့်ရှောက်ခြင်း သာလုပ်ဆောင်သွားမယ်လို့သိရပါ တယ်။ ဘုရားလာရောက်ဖူးမျှော်သူတွေကို အခမဲ့ တည်းခိုဖို့အတွက် ဘုရားဖူးနားနေဆောင်များ ဆောက်လုပ်ထားပြီး စတုဒီသာကျွေးမည့် အစီအစဉ်ကိုလည်း နေ့စဉ် နံနက်(၆)နာရီမှ ညနေ(၆)နာရီအထိ ရွှေနဂါး စတုဒီသာဆောင်မှာ ကျွေးသွားမယ်လို့သိရပါတယ်။

စတုဒီသာကျွေးရာမှာ ကျိုက်ထိုမြို့အတွင်းရှိ ရပ်ကွက်တွေမှ အလှည့်ကျ တစ်နေ့ကို တစ်ရပ်ကွက်နှုန်းနဲ့ ချက်ပြုတ်ရေးအပိုင်း၊ ဧည့်ခံရေးအပိုင်း၊ သန့်ရှင်းရေးအပိုင်းတွေမှာ လုပ်အားဒါနအဖြစ် ပါဝင်သွားမယ်လို့သိရပါတယ်။ စတုဒီသာကျောင်းဆောင်ကိုလှူဒါန်းတဲ့အလှူရှင်ကတော့ ဘုရားလာရောက် ဖူးမျှော်ကြတဲ့ သူတွေအနေနဲ့ စတုဒီသာကို အဆင်ပြေအေးချမ်းစွာစားသောက်စေဖို့ အတွက်လှူဒါန်းတာဖြစ်တယ်လို့ ရွှေနဂါးစတုဒီသာအဆောင်ကို လှူဒါန်းတဲ့အလှူရှင်ကပြောပါတယ်။ ဥာဏ်တော်အမြင့် (၂၅၅ပေ ၆လက်မ)ရှိ ထိုင်တော်မူဂေါတမဗုဒ္ဓရုပ်ပွားတော်တည်ဆောက်ရတာက လက်ရှိသာသနာနှစ်ကို ရည်ညွှန်းပြီး တည်ထားတာလို့ ဘုရားသုံးသူကျောင်းဆရာတော်က မိန့်ပါတယ်။စတုဒီသာကျွေးရာမှာ  နေ့စဉ်သီးစုံဟင်း၊ အသားဟင်း၊ ငါးပိ၊ တို့စရာ စသဖြင့် ကျွေးသွားမယ်လို့သိရပြီး လုပ်အားဒါနပြုသူတွေအနေနဲ့ တစ်နေ့(၁၅)ဦးခန့်အလှည့်ကျ လုပ်အားဒါနပြုသွားမယ်လို့သိရပါတယ်။ 
 

 

Related News