Enervon-C Forever Thingyan 2019 ပွဲတော်ကြီးအတွက် ကြိုတင်ပြင်ဆင်မှုများအနေနဲ့ ဖျော်ဖြေရေးမဏ္ဍပ်နဲ့ ရေကစားမဏ္ဍပ်များ ရာနှုန်းပြည့်ပြီးစီးနေပြီလို့သိရပါတယ်။ဧပြီ(၁၃)ရက်မှာ စတင်ကျရောက်တော့မယ့် မြန်မာ့ရိုးရာနှစ်ကူးအတာသင်္ကြန်အတွက် Forever Group မှ စီစဉ်တင်ဆက်တဲ့Enervon-C Forever Thingyan 2019ပွဲတော်ကြီးမှာတော့ ရေကစားမဏ္ဍပ်ကြီးအပြင် ဖျော်ဖြေရေးအစီအစဉ်များ၊ မိသားစုများ ရေကစားနိုင်မယ့်နေရာများ၊ ကလေးငယ်များအတွက်ကစားကွင်းများ၊ သင်္ကြန်ကာလ(၄)ရက်လုံး မြန်မာ့ဓလေ့စတုဒီသာကျွေးမယ့်အစီအစဉ်များ နဲ့ WonderWet Bazaar လို့အမည်ပေးထားတဲ့ မုန့်ဈေးတန်းကြီးပါ ပါရှိမယ်လို့သိရပါတယ်။ဒီအစီအစဉ်တွေအတွက် Forever Groupမှတာဝန်ရှိသူတွေက ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေ ကြတာဖြစ်ပြီး ဧပြီလ(၁၁)ရက်မှာတော့ ဖျော်ဖြေရေးမဏ္ဍပ်နဲ့ ရေကစားမဏ္ဍပ်ပြင်ဆင်မှုတွေက ရာနှုန်းပြည့်ပြီးစီးကာ ဖျော်ဖြေရေးအစီအစဉ်တွေအတွက် အစမ်းလေ့ကျင့်မှုတွေလည်းပြုလုပ်နေပြီလို့ သိရပါတယ်။

Enervon-C Forever Thingyan 2019 ပွဲတော်ကြီးမှာ MRTV-4ဇာတ်လမ်းတွဲများမှ ပြည်သူချစ်သရုပ်ဆောင်တွေအပြင် နိုင်ငံကျော်အဆိုတော်တွေဖြစ်ကြတဲ့ Acid/အာဇာနည်/Big Bag/Snare/G Fatt/Bunny Phyoe/၀ိုင်းစုခိုင်သိန်း/ အေသင်ချိုဆွေ/မိစန္ဒီ/ယုဇန တို့ကလည်းပါဝင်ဖျော်ဖြေသွားမယ်လို့သိရပါတယ်။ဒီလို အနုပညာရှင်တွေရဲ့ဖျော်ဖြေရေး အစီအစဉ်တွေကိုနေ့စဉ် နံနက်(၉)နာရီမှနေ့လယ်(၁၂)နာရီထိ တစ်ကြိမ်၊ နေ့လယ်(၂)နာရီမှညနေ(၆)နာရီထိ တစ်ကြိမ် MRTV-4 free to air ရုပ်သံလိုင်းကနေ  တိုက်ရိုက်ထုတ်လွှင့်ပြသသွားမယ်လို့လည်းသိရပါတယ်။Enervon-C Forever Thingyan 2019 ဖျော်ဖြေရေးမဏ္ဍပ်ကြီးဟာ အရှေ့မြင်းပြိုင်ကွင်းလမ်းမကြီးပေါ်မှာရှိတဲ့ ကျိုက္ကဆံကွင်းမှာ တည်ရှိတာဖြစ်ပြီး ပရိတ်သတ်တွေအနေနဲ့  ၀င်ကြေးအခမဲ့ နဲ့ လာရောက်ပါဝင်ဆင်နွှဲ နိုင်တယ်လို့ သိရပါတယ်။

 

 

Related News