Recyglo Myanmar ကုမ္ပဏီကို ၂၀၁၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး အမှိုက်တွေကို အမျိုးအစား ခွဲခြားစွန့်ပစ်ဖို့ အသိပညာပေးနေတဲ့ လုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။ အခုဆိုရင် Recyglo Myanmar အနေနဲ့ ရန်ကုန်မြို့အတွင်းမှာ အမှိုက်တန်ချိန်ပေါင်း (၁၀၀)ကျော်ကို သိမ်းဆည်းနိုင်ခဲ့ပြီး ပြန်လည်အသုံးပြုနိုင်ဖို့တွေကိုပါ လုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

လူတွေအသုံးပြုပြီး စွန့်ပစ်လိုက်တဲ့ အမှိုက်များစွာထဲမှာ တချို့က သဘာဝအလျောက်ပျက်စီးဖို့ အချိန်များစွာ ကြာမြင့်ပါတယ်။ ဒါ့ကြောင့် ပျက်စီးဖို့ခက်ခဲတဲ့ ပလတ်စတစ်၊ ဖန်၊ သံဘူးစတာတွေကို ပြန်လည်အသုံးပြုနိုင်ဖို့ အတွက် အသိပညာပေးလုပ်ဆောင်တာတွေနဲ့ အမှိုက်တွေကို အမျိုးအစား ခွဲခြားစွန့်ပစ်ဖို့ အသိပညာပေးတာတွေကို Recyglo Myanmar ကုမ္ပဏီက လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။ လက်ရှိ ရန်ကုန်မြို့မှာ ပထမဦးဆုံးလုပ်ဆောင်နေပြီး ကုမ္ပဏီတွေနဲ့ စာသင်ကျောင်းလိုနေရာတွေမှာ ပြန်လည်အသုံးပြုနိုင်မယ့် အသိပညာတွေကို ဖြန့်ဝေပေးဖြစ်နေတယ်လို့ Recyglo Myanmar ကုမ္ပဏီ မှ Operation Manager ကိုလှဘုန်းကိုက ပြောပါတယ်။

Recyglo Myanmar ကုမ္ပဏီအနေနဲ့ အမှိုက်တွေကို စွန့်ပစ်ရာမှာ အမျိုးအစားခွဲခြားစွန့်ပစ်နိုင်ဖို့အတွက် အမှိုက်သိမ်းဆည်းခြင်းလုပ်ငန်းကို လည်း ဝန်ဆောင်မှုအနေနဲ့ လုပ်ဆောင်ပေးနေပါတယ်။ စတင်လုပ်ဆောင် ကာစက အခက်အခဲတွေ ကြုံခဲ့ရပေမဲ့ အခုချိန်မှာတော့ လက်ခံလာ သူတွေရှိနေပြီလို့ သိရပါတယ်။ ဝန်ဆောင် မှုလုပ်ငန်းကို လုပ်ဆောင်ရာမှာလည်း ပလတ်စတစ်၊ ဖန်၊ သံဘူး၊ စက္ကူ ၊ အစားအေသာက် စတာတွေကို ခွဲခြားစွန့်ပစ်ဖို့အတွက် အမှိုက်ပုံတွေခွဲ ပစ်တဲ့ အလေ့အထဖြစ်အောင် ဆောင်ရွက်ပေး ဖြစ်တယ်လို့ Recyglo Myanmar ကုမ္ပဏီမှ Operation Manager ကိုလှဘုန်းကိုက ပြောပါတယ်။

လက်ရှိမှာတော့ Recyglo Myanmar အနေနဲ့ စွန့်ပစ်အမှိုက်အမျိုးအစားခြောက်ခုအတွက် ဝန်ဆောင်မှုတွေပေးနေတယ်လို့ သိရပါတယ်။ ရရှိလာတဲ့ အမှိုက်တွေကိုလည်း ပြန်လည်အသုံးပြုနိုင်အောင် ပြန်လည်ထုတ်လုပ်မှုတွေကိုလည်း ပြည်တွင်းက စက်ရုံအချို့နဲ့ ချိတ်ဆက်ဆောင် ရွက်တာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အခြားသော မြို့ကြီးတွေ ဖြစ်တဲ့ မန္တလေးမြို့နဲ့ ပုဂံတို့မှာလည်း လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။   

 

 

Related News