ငြိမ်းချမ်းရေးစာရေးဆရာကြီး ဒဂုန်တာရာရဲ့ ရာပြည့်အကြိုအထိမ်းအမှတ်အဖြစ် မြန်မာရသ ၀တ္ထုရှည်တစ်ထောင်နဲ့ ခေတ်ဟောင်းဂျာနယ်ပြပွဲကို မန္တလေးမြို့ ရတနာပျိုးခင်းစာကြည့်တိုက်မှာ မတ်လ (၁၆) ရက်မှ (၂၀)ရက်အထိ ပြုလုပ်နေပါတယ်။

မြန်မာရသ ၀တ္ထုရှည်တစ်ထောင်နှင့် ခေတ်ဟောင်းဂျာနယ်ပြပွဲကို ဆရာတော်အရှင်ဓမ္မာနန္ဒ(လပွတ္တာ)နဲ့ ရတနာပျိုးခင်း စာကြည့်တိုက်တို့ ပူးပေါင်းပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။ ယနေ့ခေတ်လူငယ်တွေမှာ စာဖတ်သူ အလွန်နည်းပါပြီး စာကြည့်တိုက်တွေ ရှင်သန်ဖို့ အခွင့်အရေးနည်းပါးနေတယ်လို့ သိရပါတယ်။ ဒါကြောင့် စာကြည့်တိုက်တွေ ပြန်လည်ရှင်သန်စေဖို့၊ လူငယ်တွေ စာဖတ်တဲ့ အလေ့အထရရှိပြီး ရသစာပေကို သိရှိစေဖို့နဲ့ စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။

ပြပွဲမှာ လွတ်လပ်ရေးမရခင်ခေတ်၊ လွတ်လပ်ရေးရပြီးခေတ်၊ ဖဆပလခေတ်၊ လမ်းစဉ်ပါတီခေတ်စတဲ့ ခေတ်အသီးသီးက စာပေပုံရိပ်တွေကို မြင်တွေ့ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စာရေးဆရာကြီး ဒဂုန် တာရာရဲ့ စာပေလက်ရာတွေ နဲ့ ဒဂုန်တာရာအကြောင်းစာအုပ်တွေ၊ ဂန္တ၀င်ရှားပါးစာပေတွေ၊ မြန်မာရသ ၀တ္ထု ရှည်တစ်ထောင်နဲ့ နဂါးနီဂျာနယ်၊ အိုးဝေဂျာနယ် စတဲ့ ခေတ်ဟောင်းဂျာနယ်တွေကို ပြသထားတယ်လို့ သိရပါတယ်။

ငြိမ်းချမ်းရေးစာရေးဆရာကြီး ဒဂုန်တာရာရဲ့ ရာပြည့်အကြို အထိမ်းအမှတ်အဖြစ် မြန်မာရသ ၀တ္ထုရှည်တစ် ထောင်နဲ့ ခေတ်ဟောင်းဂျာနယ်ပြပွဲဖွင့်ပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး မန္တလေးမြို့မှ စာရေးဆရာတွေနဲ့ စာပေ၀ါသနာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

 

 

Related News