ယခု၂၀၁၉အတွက် တပ်မတော် (ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲများကိုနေပြည်တော်မှာရှိတဲ့ ဇေယျာသီရီ အားကစားကွင်းမှာ ဇန်န၀ါရီလ(၁၆)ရက်ကနေ (၂၈)ရက်အထိ (၁၃)ရက်ကြာကျင်းပပြုလုပ်နေပါတယ်။ ဒါ့အပြင်ယခုနှစ်မှစတင်ကာမြန်မာ့ရိုးရာသိုင်းပညာကို အားကစားနည်းတစ်ခုအဖြစ် ထည့်သွင်းယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။မြန်မာ့ရိုးရာသိုင်းပညာဟာမြန်မာတိုင်းရင်းသာတို့ရဲ့ဇာတိသွေးဇာတိမာန်ထက်သန်မှု၊ ရဲရင့်ဖျတ်လတ်မှု၊ ကြံ့ခိုင်မှုများကို လက်တွေ့ပြသရတဲ့အားကစားနည်းတစ်ရပ်ဖြစ်ပါတယ်။

တပ်မတော်အနေနဲ့ မြန်မာ့သိုင်းပညာများကိုတပ်မတော်သင်တန်းကျောင်းများမှာ အားကစားသင်ခန်းစာတစ်ရပ်အနေနဲ့လေ့ကျင့်သင်ကြားပေးနေပြီး ကာကွယ်ရေးစွမ်းအားအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် မြန်မာ့ရိုးရာသိုင်းပညာကိုအားကစားတစ်ခုအနေနဲ့ ထည့်သွင်းကျင်းပတာဖြစ်တယ်လို့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။(၂၀၁၉)တပ်မတော်ကြည်းရေလေအားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ဇန်န၀ါရီလ(၁၆)ရက်ကပြုလုပ်ခဲ့ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တပ်မတော်မှတာဝန်ရှိသူတွေ တက်ရောက်ခဲ့ ကြပါတယ်။ (၂၀၁၉)တပ်မတော်ကြည်းရေလေအားကစားပြိုင်ပွဲကို အသင်း(၁၇)သင်းက အားကစာသမား (၉၉၈)ဦးဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

အဆိုပါအားကစားပြိုင်ပွဲမှာ အားကစားနည်းတွေအနေနဲ့ မြန်မာ့ရိုးရာသိုင်း၊ ဘောလုံး၊ လက်ဝှေ့၊ ဘောလီဘော၊ ပိုက်ကျော်ခြင်းတို့အပါအ၀င် အားကစားနည်း(၁၄)မျိုး ကိုထည့်သွင်းယှဉ်ပြိုင်သွားမယ်လို့သိရပါတယ်။ တပ်မတော် (ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲတွေကို တပ်မတော်အတွင်းမှ ထူးချွန်ထက်မြက်တဲ့ အားကစားသမားများကို နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်အားကစားသမားများအဖြစ် ပေါ်ထွန်းလာစေရေး ရည်ရွယ်ပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။တပ်မတော် (ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲများကို နှစ်နှစ်လျှင်တစ်ကြိမ်နှုန်းနဲ့ ပြုလုပ်ကျင်းပနေပြီး  နေပြည်တော်မှာတော့ယခုနှစ် အပါအ၀င်လေးကြိမ်အထိ ကျင်းပခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News