ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ဦးစီးပြီး (၅၆၃)ကြိမ်မြောက် အလှူတော်ငွေပေးအပ်ပွဲနှင့် ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်မှုကို ဇန်နရီလ(၁၁)ရက်က ရွှေတိဂုံစေတီတော်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ  နမော တသ သုံးကြိမ်ရွတ်ဆိုကန်တော့ပြီး အခမ်းအနားဖွင့်လှစ်ခြင်း ၊ အလှူရှင်များကအလှူငွေများ ပေးအပ်လှူဒါန်းရာမှာ ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့အလှည့်ကျသဘာပတိနဲ့ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက လက်ခံရယူပြီး ထုတိအနုမောဒနာ ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာတော့ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သြ၀ါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး ၊ ဗဟန်းမြို့နယ် ညောင်းတုန်းပါဠိ တက္ကသိုလ်ကျောင်းတိုက်ဆရာတော်ဘဒ္ဒ န္တ ပ၀ရာဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ရေစက်ချအနုမောဒနာတရား နာယူခဲ့တာဖြစ်ပါတယ်။အလှူတော်ငွေပေးအပ်ရာမှာ  ရွှေသင်္ကန်းတော်ရွှေပြားအလှူရှင်(၁၄၂)ဦး၊ ရွှေပြားအချပ်(၁၇၄)ချပ်၊ ငွေသားအလှူရှင်(၁၀)ဦး၊ စုစုပေါင်းအလှူရှင် (၁၅၂)ဦးဖြစ်ပြီး လှူဒါန်းငွေကျပ်(သိန်းပေါင်းတစ်ထောင့်ကိုးရာ) ကျော်အလှူငွေရရှိတယ်လို့သိရပြီးရရှိတဲ့ အလှူငွေကို စေတီတော်ကြီးပြုပြင်မွမ်းမံပြင်ဆင်ရန်အတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

 

 

Related News