ပြည်တွင်းမှာ ပြေးခုန်ပစ်ပြိုင်ပွဲတွေ ကျင်းပမှုနည်းပါးတာကြောင့် မျိုးဆက်သစ်ကစာသမားရှားပါးမှုနဲ့ ရင်ဆိုင်နေရပြီး အရှေ့တောင်အာရှပြိုင်ပွဲနဲ့ နိုင်ငံတကာပြိုင်ပွဲတွေအတွက် ကစားသမားရွေးချယ်ဖို့ အခက်အခဲတွေ ရှိနေခဲ့ပါတယ်။ တခေတ်တခါက နိုင်ငံတကာပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ဆုတွေ ရယူပေးနိုင်ခဲ့တဲ့ ပြေးခုန်ပစ်အားကစားနည်းဟာ လက်ရှိမျိုးဆက်သစ် ကစားသမားရှားပါးမှုနဲ့ ရင်ဆိုင်နေရပါတယ်။

နိုင်ငံတကာမှာ ပြေးခုန်ပစ်ပြိုင်ပွဲတွေများစွာ ပြုလုပ်နေကြပေမယ့် ပြည်တွင်းမှာ ပြိုင်ပွဲက အတော်လေးရှားပါးနေတာပါ။ ပြိုင်ပွဲဆိုလို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ပြိုင်ပွဲ လောက်သာရှိပြီး ပြည်တွင်းမှာကျင်းပတဲ့ ပြိုင်ပွဲဟာ တစ်နှစ်ကို (၃)ပွဲလောက်သာ ရှိပါတယ်။ မြို့နယ်အဆင့်ပြိုင်ပွဲနဲ့ အခြေပညာကျောင်းပေါင်းစုံပြိုင်ပွဲတွေ မကျင်းပနိုင်တာက မျိုးဆက်သစ်ကစားသမား တွေ ပေါ်ထွက်လာဖို့အတွက် အဓိကအတားအဆီးဖြစ်နေတာဖြစ်ပြီး ကစားသမားသစ်ရွေးချယ်ဖို့ဆိုရင် ဒီပြိုင် ပွဲတွေက အဓိကလိုအပ်ချက်ဖြစ်တယ်လို့ ပြေးခုန်ပစ်နည်းပြတစ်ဦးက အခုလိုပြောပြထားပါတယ်။

မြန်မာပြေးခုန်ပစ်အားကစားအဖွဲ့ဟာ (၁၉၉၀)ရှေ့ပိုင်းကာလတွေမှာ အရှေ့တောင်အာရှပြိုင်ပွဲတွေမှာ ရွှေတံ ဆိပ်ဆုတွေ ရယူပေးနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ မျိုးဆက်ပြတ်သွားခဲ့ပြီး အောင်မြင်မှုနဲ့ ဝေးကွာနေတာ ဖြစ်ပါတယ်။ ပြိုင်ပွဲရှားပါးလို့ နိုင်ငံတကာပြိုင်ပွဲတွေအတွက် ကစားသမားရွေးချယ်ဖို့ အခက်အခဲရှိနေခဲ့ပြီးလက်ရှိ ဒီအားကစားနည်းအောင်မြင်ဖို့ ဆောင်ရွက်နေပေမယ့် အချိန်ကာလတစ်ခုတော့ စောင့်ရမယ်လို့ နည်းပြက ဆက်လက်ပြောပြထားပါတယ်။
ဒါ့အပြင် ပြေးခုန်ပစ်အားကစားနည်းမှာ ပြိုင်ပွဲအမျိုးအစားပေါင်း(၄၀)ကျော်ရှိတာဖြစ်ပြီး ဒီပြိုင်ပွဲအမျိုးအစား အားလုံးကို ကျင်းပဖို့အတွက် ကစားကွင်းအခက်အခဲကလည်း ပြိုင်ပွဲကျင်းပဖို့အတွက် အခက်အခဲတွေ ရှိနေ ခဲ့တာ ဖြစ်ပါတယ်။

 

Related News