အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူနေကျဖြစ်တဲ့ ကြောင်၊ ခွေး ၊ငါး စတာတွေကို အလှပြပြီးဖွင့်လှစ်ထားတဲ့ ကော်ဖီဆိုင်တွေရှိပေမယ့် အခုလို ရှားပါးအိမ်မွေးတိရစ္ဆာန်တွေရှိတဲ့ Exotic Pet Café မျိုးကိုတော့ ရန်ကုန်မြို့ကန်တော်ကြီးမျှော်စင်ကျွန်းမှာ ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။ရန်ကုန်မြို့ထဲမှာရှိတဲ့ ထူးခြားတဲ့ Exotic Pet Café ကိုတော့ တိရစ္ဆာန်ချစ်သူတစ်ဦးဖြစ်တဲ့ ကိုတေဇယုကြည် က ဖွင့်လှစ်ထားတာပါ ။ဒီကော်ဖီဆိုင်မှာ ရှားပါးတိရစ္ဆာန်မျိုးစိပ်ပေါင်း(၂၀)ကျော် နဲ့ အကောင်ရေ(၅၀)ကျော်ကို ပြသထားတာဖြစ်ပါတယ်။အခုနောက်ပိုင်း နိုင်ငံတကာမှာ အိမ်မွေးတိရစ္ဆာန်အဖြစ် လက်ခံမွေးမြူလာကြတဲ့ ရှားပါးတိရစ္ဆာန်မျိုးစိတ်တွေဖြစ်တဲ့ ပုတ်သင်ညို၊ ကင်းလိပ်ချော၊ မြွေ၊ ဖွတ်မျိုးနွယ်ဝင် ပုတ်သင်အကြီးစားတွေနဲ့ ကြောင်၊ခွေး၊ရှဥ့်၊မြေခွေး စတဲ့ သတ္တ၀ါလေးတွေထားရှိပေးထား ဖြစ်ပါတယ်။

ဒီဆိုင်မှာပြသထားတဲ့ အကောင်အများစုက ပိုင်ရှင်ကိုယ်တိုင်အိမ်မှာဖောက်ထားတဲ့ အကောင်တွေလို့သိရပြီး တောထဲက ဖမ်းထားတာမျိုးတွေ မရှိဘူးလို့ ကိုတေဇယုကြည် က ပြောပါတယ်။အခုနောက်ပိုင်းပြည်တွင်းမှာလည်း ရှားပါးမျိုးစိတ်တိရစ္ဆာန်လေးတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးမြူလာကြတာကြောင့် ဒီလို တိရစ္ဆာန်ချစ်သူတွေအတွက် ရှားပါးမျိုးစိတ်တိရစ္ဆာန်လေးတွေအကြောင်း ပိုမိုလေ့လာနိုင်ဖို့နဲ့ ကိုင်တွယ်ဆော့ကစားပြီး အမှတ်တရဓာတ်ပုံများရိုက်ကူးနိုင်ဖို့ကို ရည်ရွယ်ပြီးဒီဆိုင်ကိုဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။

ဆိုင်မှာပြသထားတဲ့ တိရစ္ဆာန်လေးတွေရဲ့ ကျန်းမားရေးစစ်ဆေးခြင်းနဲ့သန့်ရှင်းရေးပြုလုပ်ခြင်းတွေကိုလည်း နေ့စဉ်၊အပတ်စဉ်၊လစဉ် ဆောင်ရွက်ပေးတယ်လို့ သိရပါတယ်။ ဒီလို Exotic Pet Café တွေက နိုင်ငံတကာမှာအများအပြားရှိပေမဲ့ ပြည်တွင်းမှာရှားပါတာကြောင့် ဒီလိုဆိုင်လေးတွေ ပေါ်ပေါက်လာတာကို ကြိုက်နှစ်သက်ကြောင်းကို ကော်ဖီဆိုင်ကိုလာရောက်တဲ့ တိရစ္ဆာန်ချစ်သူတစ်ဦးဖြစ်တဲ့ ကိုလှိုင်မျိုးဦးကအခုလိုပြောပြထားပါတယ်။ဒီ Exotic Pet Café ကိုဖွင့်လှစ်ထားတာမကြာသေးပေမယ့် ရှားပါးအိမ်မွေးတိရစ္ဆာန်တွေများစွာရှိတာကြောင့် တိရစ္ဆာန်ချစ်သူတွေကတော့ စိတ်ဝင်စားမှုမြင့်တက်ပြီး လာရောက်မှုတွေရှိတယ်လို့သိရပါတယ်။ဒီလိုစိတ်ဝင်စားမှုမြင့်တက်လာတာကြောင့် နောက်ပိုင်းမှာလည်း ရှားပါးအိမ်မွေးတိရစ္ဆာန်တွေ တိုးချဲ့ပြသသွားဖို့ရှိတယ်လို့သိရပါတယ်။

 

 

Related News