ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ်အကြောင်းအသိပညာပေးဟောပြောပွဲကို ဇန်န၀ါရီလ(၉)ရက်က ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်မှာ ပြုလုပ်ခဲ့ပါတယ်။ဟောပြောပွဲမှာဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ်နဲ့ပတ်သက်ပြီး အခြေခံကျောင်းသား၊ကျောင်းသူဘ၀ကနေ တက္ကသိုလ်ရောက်တဲ့အချိန်မှာ ငယ်စဉ်ကထက် အပေါင်းအသင်းပိုများလာပြီး လမ်းမှားမရောက်စေဖို့အတွက် လာရောက်ဟောပြောတာဖြစ်တယ်လို့သိရပါတယ်။ဟောပြောပွဲမှာတော့ ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန နဲ့ မကူးစက်နိုင်သောရောဂါများကာကွယ်နှိမ်နင်းရေးဌာနမှ တာဝန်ရှိသူများကဟောပြောခဲ့တာဖြစ်ပါတယ်။လူငယ်တွေဆေးလိပ်ကိုစွဲမက်စွာသောက်သုံးနေတာဟာ ဆေးလိပ်မှာပါဝင်တဲ့ နီကိုတင်းဓာတ်တစ်မျိုးကြောင့်လည်းပါဝင်သလို အပေါင်းအသင်းတွေ၊ ရုပ်ပိုင်းဆိုင်ရာလွှမ်းမိုးမှု၊ ပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုတွေအပါအ၀င်  ရုပ်ရှင်ဗီဒီယိုတွေကြည့်ပြီးသောက်သုံးတာတွေကြောင့်လည်း ပါဝင်တယ်လို့ အခုပြုလုပ်တဲ့ဟောပြောပွဲကနေ သိရပါတယ်။

 ဆေးလိပ်သောက်သုံးမှုကြောင့် နှလုံးခုန်မြန်ခြင်း၊ အဆုတ်ပျက်စီးခြင်း၊ ဆယ်ကျော်သက်တွေမှာ ဆေးလိပ်သောက်သုံးပါက အဆုတ်ရဲ့ကြီးထွားတဲ့အဆင့်မရောက်ရှိခြင်းတွေနဲ့ ကင်ဆာရောဂါတွေလည်းဖြစ်ပွားနိုင်တယ်လို့ပြောပါတယ်။ ဆေးလိပ်သောက်သုံးမှုတွေအပါအ၀င် အီးစီးကရက်သောက်သုံးခြင်းဟာလည်း အန္တရာယ်ရှိတဲ့အခြေအနေမှာပါဝင်တယ်လို့သိရပါတယ်။ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ်အကြောင်းအသိပညာပေးဟောပြောပွဲကို ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနနဲ့ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တို့ပူးပေါင်းပြီး ဆေးလိပ်ငွေ့ကင်းစင်တဲ့တက္ကသိုလ်ထူထောင်နိုင်ဖို့ ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့သိရပါတယ်။

 

 

Related News