Cars DB မှ ကြီးမှူးကျင်းပမယ့် နိုင်ငံတကာအဆင့်မီ မိုးလုံလေလုံမော်တော်ယာဉ်အရောင်းပြပွဲကို ယခု ဇန်န၀ါရီလ(၁၉)ရက်မှ (၂၁)ရက်ထိ ရန်ကုန်မြို့ The One Entertainment  Park မှာပြုလုပ်သွားမှာ ဖြစ်တယ်လို့ ဇန်န၀ါရီလ(၈)ရက်က Sedona  Hotal မှာပြုလုပ်ခဲ့တဲ့ အကြိုသတင်းစာရှင်းလင်းပွဲမှ သိရပါတယ်။ ကားထုတ်လုပ်သူများ၊ ဖြန့်ဖြူးရောင်းချသူများ၊ ကားနဲ့ ဆက်စပ် လုပ်ငန်းများ၊ မော်တော်ယာဉ် အရစ်ကျဝယ်ယူနိုင်တဲ့ ဘဏ်နှင့်အာမခံလုပ်ငန်းများ စတာတွေကနေတဆင့် မိမိတို့ လိုအပ်တဲ့ ကားအသစ်၊ တပတ်ရစ်ကား၊ မော်တော်ယာဉ်နှင့်သက်ဆိုင်တဲ့ ၀န်ဆောင်မှုအမျိုးမျိုးကို ပြည်သူတွေအနေနဲ့ တစ်နေရာတည်းမှာ စိတ်ကြိုက်ဝယ်ယူနိုင်ဖို့အတွက် အခွင့်အလမ်းတစ်ရပ်ဖန်တီးပေးခြင်းအပြင် မြန်မာနိုင်ငံရှိ မော်တော်ယာဉ်လုပ်ငန်းစုများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ Cars DB မှ တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။

ပြပွဲမှာတော့ ကားသစ်များအဖြစ် Ford၊ Toyota ၊Jaguar ၊ Land Rover ၊ Mercedes-Benz၊ BMW၊ Volvo၊ Nissan ၊ GAC၊ KIA ၊ Mazda ၊ Chevrolet ၊  Mitsubishi ၊ Yu- tong နဲ့ Hyundai Truck နဲ့ Bus ကားသစ်များကို ပြသသွားမယ့်အပြင် စမ်းသပ် မောင်းနှင်ခွင့်ကိုလည်းပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် တစ်ပတ်ရစ်ကားများ၊ မော်တော်ယာဉ်အပို ပစ္စည်းရောင်းချ တဲ့ဆိုင်များ၊ မော်တော်ယာဉ်နဲ့ ဆက်စပ်တဲ့ ၀န်ဆောင်မှုအမျိုးမျိုးကို ဆောင်ရွက်ပေးတဲ့ လုပ်ငန်းများလည်း ပါဝင်ပြသ ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။CarsDB အနေနဲ့ မော်တော်ယာဉ်အရောင်းပြပွဲကို (၂၀၁၇)ခုနှစ်နိုဝင်ဘာလမှာ ရန်ကုန်မြို့မှာ ပထမအကြိမ် စတင်ပြုလုပ် ခဲ့တာဖြစ်ပြီး မန္တလေးမြို့မှာလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။   

 

 

Related News