AAသောင်းကျန်းသူအဖွဲ့အပေါ်ထောက်ခံနေမှုတွေရပ်တန်းကရပ်ဖို့သမ္မတရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးမှ ဇန်န၀ါရီလ(၇)ရက်က နိုင်ငံတော်သမ္မတအိမ်တော်မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ AAကြောင့်ရခိုင်ပြည်နယ် ကောင်းကျိုးနဲ့ ဆိုးကျိုးဘယ်ဟာများမလဲသုံးသပ်ဖို့လိုတယ်လို့ သမ္မတရုံး ၀န်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကပြောပါတယ်။ ဖက်ဒရယ်စနစ်ကိုသွားတဲ့အချိန်မှာ ရခိုင်ပြည်နယ်ရဲ့ရသင့်ရထိုက်တဲ့  တန်းတူရည်တူအခွင့်အရေးတွေ ရရှိဖို့ အတွက် ပုံမှန်လမ်းကြောင်းကနေလုပ်သင့်တယ်လို့ သမ္မတရုံးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကအခုလို ပြောပါတယ်။

ပြီးခဲ့တဲ့ (၂၀၁၈)ဇူလိုင်လ(၂၃)ရက်က ဘင်္ဂလာဒေရှင့်္နိုင်ငံမှာလုပ်တဲ့(AA)နဲ့ ARSA (အာဆာ) ညှိုနှိုင်းဆွေးနွေးတဲ့ဆုံးဖြတ်ချက်ကနေဖြစ်လာတဲ့အကျိုးဆက်တွေလို့မြင်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကပြောပါတယ်။ဇန်န၀ါရီလ (၄) ရက် ကAAသောင်းကျန်းသူအဖွဲ့ဟာ ရခိုင်ပြည်နယ်ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်း (၄) ခုကို အင်အားအလုံးအရင်းနဲ့ တစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်မှုကြောင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်(၁၃)ဦးကျဆုံးပြီး (၉) ဦးဒဏ်ရာရရှိခဲ့ပါတယ်။ 

 

 

Related News