ကျန်းမာသန်စွမ်းမှုမရှိတဲ့ဂိလာနအဘိုးအဘွားတွေကိုလက်ခံစောင့်ရှောက်ပေးနေတဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှာရှိတဲ့ ဆည်းဆာရိပ်ဂိလာနဘိုးဘွားများရိပ်သာမှာဂိလာနအဘိုးအဘွားဦးရေ(၁၀၇)ဦးကျော်ကို လက်ခံစောင့်ရှောက် ပေးနေတယ် လို့သိရပါတယ်။ 
ဆည်းဆာရိပ်ဂိလာနဘိုးဘွားများရိပ်သာကို(၂၀၁၀)ခုနှစ်ဧပြီလမှာစတင်ဖွင့်လှစ်ခဲ့ပါတယ်။ဒီဘိုးဘွားရိပ်သာကိုအကြောင်း အမျိုးမျိုးကြောင့်ခိုကိုးရာမဲ့နေတဲ့ဂိလာနအဘိုးအဘွားတွေကိုကြင်နာစွာနဲ့အသက်ရှင်နေထိုင်နိုင်တဲ့ကာလအပိုင်းအခြားအထိနားလည်စာနာစိတ်၊သည်းခံစိတ်၊နွေးထွေးတဲ့မေတ္တာတွေနဲ့ဖေးမကူညီနိုင်ဖို့ဆည်းဆာရိပ်ဂိလာနဘိုးဘွားများရိပ်သာကိုရည်ရွယ်ဖွင့်လှစ်ခဲ့တာပါ။ဒီဘိုးဘွားရိပ်သာစတင်တည်ထောင်စဉ်ကအဘိုးအဘွား(၈)ဦးနဲ့စတင်တည်ထောင်ခဲ့ပေမယ့်အခုအချိန်မှာတော့အဘိုးအဘွားဦးရေ(၁၀၇)ဦးကျော်အထိရှိနေပြီဖြစ်တယ်လို့သိရပါတယ်။

ဆည်းဆာရိပ်ဂိလာနဘိုးဘွားများရိပ်သာဟာအသက်(၇၀)နှစ်နဲ့အထက် ဘိုးဘွားတွေကို မိသားစုသဖွယ်နွေးထွေးစွာ စောင့်ရှောက်ပေးနိုင် တဲ့သီးသန့်ရိပ်သာတစ်ခုလည်းဖြစ်ပါတယ်။ ဒီဘိုးဘွားရိပ်သာမှာမိသားစုမရှိလို့ပြုစုစောင့်ရှောက် ပေးမယ့်သူမရှိတဲ့အဘိုးအဘွား၊မိသားစုရှိပေမယ့်မပြုစုနိုင်လို့စွန့်ပစ်သွားတဲ့အဘ်ုးအဘွား၊ကျန်းမာရေးမကောင်းလို့ကိုယ်တိုင်လုပ်ကိုင်နိုင်စွမ်းမရှိတဲ့အဘိုးအဘွား၊သားသမီးမရှိပဲတစ်ကိုယ်တည်းရှိနေတဲ့အဘိုးအဘွားစတဲ့အဘိုးအဘွားတွေကိုလက်ခံစောင့်ရှောက်ပေးနေတာပါ။ဒါပေမယ့်ဒီဂေဟာမှာမိသားစုမရှိလို့စောင့်ရှောက်ပေးနိုင်မှုမရှိတဲ့ဂိလာနအဘိုးအဘွားတွေများပြား နေပြီးသူတို့တွေဟာဘ၀ရဲ့ နေ၀င်ချိန်ကိုခက်ခဲစွာဖြတ်သန်းနေရတာပါ။

ဒီရိပ်သာမှာတစ်နေ့တာအဖြစ်အဘိုးအဘွားတွေကိုအစာအာဟာရကျွေးမွေးခြင်း၊ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ပေးခြင်း၊တရားဘာဝနာအားထုတ်တာတွေကိုပြုလုပ်ပေးနေတယ်လို့သိရပါတယ်။ဒီရိပ်သာမှာအဘိုးအဘွားတွေကိုကျန်းမာရေးစောင့်ရှောက်မှုတွေလည်းပြုလုပ်ပေးနေတယ်လို့သိရပါတယ်။ဆည်းဆာရိပ်ဂိလာနဘိုးဘွားများရိပ်သာမှာအဘိုးအဘွားဆောင်တွေကိုသီးသန့်ခွဲခြားထားပြီးနာမကျန်းဆောင်၊အထူးကြပ် မတ်ဆောင်ဆိုပြီးခွဲခြားထားပါတယ်။အခုလက်ရှိမှာတော့အဘိုးအဘွားဦးရေတိုးတက်များပြားလာတဲ့အတွက်အဆောင်တွေ ထပ်မံတိုးချဲ့ဖို့ရှိတယ်လို့သိရါတယ်။ဆည်းဆာရိပ်ဂိလာနဘိုးဘွားများရိပ်သာကိုလှူဒါန်းလိုသူတွေအနေနဲ့(၀၉၇၃၀၁၈၀၀၇) (၀၉၂၅၄၇၇၅၀၅၀)ကိုဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

 

Related News