ဓာတ်အားလိုင်းသစ်များလဲလှယ်ခြင်းလုပ်ငန်းဆောင်ရွက်မှာဖြစ်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၉)မြို့နယ်မှာ အချိန်ပိုင်းဓာတ်အားပြတ်တောက်မှုရှိနိုင်တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်ထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နဲ့မြို့နယ်များမှာ (၆၆)ကေဗွီ၊ (၃၃)ကေဗွီဓာတ်အားခွဲရုံများ၊ Distribution Transformer များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ၊ ရေရှည်ဓာတ်အားတည်ငြိမ်ပြည့်ဝစွာပေးနိုင်ရေးအတွက် ဟောင်းနွမ်းပြီး ဝန်အားမနိုင်တော့တဲ့ (၁၁)ကေဗွီဓာတ်အားလိုင်းကြိုးများကို လျှပ်ကာပါတဲ့ ဓာတ်အားလိုင်းကြိုးအသစ်များနဲ့ လဲလှယ်ခြင်း လုပ်ငန်းများကို ဇန်န၀ါရီလ(၈)ရက်နဲ့ ဇန်န၀ါရီလ (၁၀)ရက်  နံနက်(၉)နာရီ မှ နေ့လည်(၁၂)နာရီအထိ (၂)ရက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

လုပ်ငန်းဆောင်ရွက်စဉ်အချိန်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိရန်ကင်း၊ ဗိုလ်တထောင်၊ မြောက်ဥက္ကလာ၊ တာမွေ၊ ဒဂုံဆိပ်ကမ်း၊ တောင်ဥက္ကလာ၊သင်္ဃန်းကျွန်း ၊ဒေါပုံ၊ ပုဇွန်တောင်၊ ကမာရွတ်၊ အလုံ၊ မရမ်းကုန်း၊လမ်းမတော်၊ ဗဟန်း၊ လှိုင် ၊ လသာ ၊ မင်္ဂလာဒုံ ၊ လှိုင်သာယာ၊ရွှေပြည်သာ ၊ လှည်းကူး ၊ မှော်ဘီ ၊ တိုက်ကြီး ၊ ဖောင်ကြီး ၊ ဒါးပိန် ၊အင်းတိုင်၊ မြောင်းတကာ၊ ဥက္ကံ၊ ထန်းတပင်၊ ထောက်ကြန့်မြို့နယ်များရှိ ရပ်ကွက်အချို့မှာ အချိန်ပိုင်းဓာတ်အား ပြတ်တောက် မှုရှိနိုင်တယ်လို့  ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ပြည်သူများထံကို အသိပေးပန်ကြားထား ကြောင်း သိရပါတယ်။ 

 

 

Related News