စာတတ်သူတိုင်းစာဖတ်ရေးလှုပ်ရှားမှုအခမ်းအနားကို နေပြည်တော်မှာစတင်ပြုလုပ်သွားမယ်လို့ဒီဇင်ဘာလ(၁၅)ရက်က နေပြည်တော်မှာရှိတဲ့ ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှသိရပါတယ်။

စာတတ်သူတိုင်းစာဖတ်ရေး လှုပ်ရှားမှုကို မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ စာတတ်မြောက်သူတိုင်း စာပေဖတ်ရှုသည့် အလေ့ အထ ကောင်းများ ပိုမိုတိုးတက် လာစေရေးအတွက် အားပေး လှုံ့ဆော်တဲ့အနေနဲ့ ရည်ရွယ်လုပ်ဆောင်တာ ဖြစ်တယ်လို့ သိရပါတယ်။ ယခုခေတ်မှာ ပြည်သူတွေအနေနဲ့ စာဖတ်တဲ့အချိန်တွေရှားပါးလာပြီး စာဖတ်ခြင်း အလေ့အကျင့်တွေနည်းပါး လာတယ်လို့သိရပါတယ်။ ယခုပြုလုပ်တဲ့ စာတတ်သူတိုင်းစာဖတ်ရေး လှုပ်ရှားမှုအခမ်း အနားမှာတော့ စာဖတ်ခြင်းတွေနဲ့ ပတ်သက်ပြီးကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေအပေါ် ပညာရှင်တွေနဲ့ ဆွေးနွေးတာတွေ လုပ်ဆောင်သွား မယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းက ပြောပါတယ်။

စာတတ်သူတိုင်းစာဖတ်ရေး လှုပ်ရှားမှုအခမ်းအနားကို “စာတတ်သူတိုင်းစာဖတ်ရေးအားလုံးပါဝင် ကူညီဆောင်ရွက် ပး”ဆိုတဲ့ ခေါင်းစဉ်နဲ့ နေပြည်တော်မှာရှိတဲ့ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂(MICC-2)မှာ ဒီဇင်ဘာလ (၂၀)ရက်ကနေ(၂၁)ရက်အထိ နှစ်ရက်ကြာပြုလုပ်သွားမှာပါ။ အဆိုပါအခမ်းအနားမှာ ပြည်သူများ စာဖတ်ရှိန် မြှင့်တင်ရေးနဲ့ ကျောင်းစာကြည့် တိုက်လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲ (၅) ခုကိုလည်ကောင်း၊ စာကြည့်တိုက်များနဲ့ သက်ဆိုင်တဲ့ စာတမ်း (၃)စောင်ကို လည်းကောင်း ဖတ်ကြားရှင်းလင်းသွား မှာဖြစ်ကာ ပြခန်း (၂၆) ခန်း ပြသရန်လျာထားတယ်လို့ သိရပါတယ်။ 

စာတတ်သူတိုင်းစာဖတ်ရေး လှုပ်ရှားမှုအခမ်းအနားမှာပြခန်းတွေကို ပြန်ကြားရေးဝန်ကြီး ဌာန လက်အောက်ရှိ ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနဲ့ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ သမိုင်းသုတေသနနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာနနဲ့ပညာရေးဝန်ကြီး ဌာနလက်အောက်မှာ ရှိတဲ့ အခြေခံပညာဦးစီးဌာနတို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖွင့်လှစ် ပြသသွားမယ်လို့လည်းသိရပါတယ်။  စာတတ်သူတိုင်းစာဖတ်ရေး လှုပ်ရှားမှုအခမ်းအနားကို အများပြည်သူများအနေနဲ့ နံနက်(၉)နာရီမှ ညနေ(၅)နာရီအထိ မည်သူမဆို ၀င်ရောက်လေ့လာနိုင်မယ်လို့သိရပါတယ်။

လာရောက်လေ့လာသူတွေအနေနဲ့ ပြခန်းတွေမှာ ပြသထားတာတွေကိုလေ့လာနိုင်မယ့်အပြင် စာအုပ်ဈေးရောင်းပွဲတော်ကိုလည်းပြုလုပ်သွားမှာဖြစ်တာကြောင့် စာအုပ်တွေလည်း ၀ယ်ယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် ယခုအခမ်းအနား ကနေ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့် တိုက် များအနက် ဆန်းသစ်တီထွင်မှု အကောင်းဆုံး စာကြည့်တိုက် (၂၀) ကို ဆုများ ချီးမြှင့်သွားမယ်လို့ သိရပါတယ်။ အဆိုပါအခမ်းအနားကို တက်ရောက်ဖို့ရာအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည် ကိုလဲ ဖိတ်ကြား ထားတယ်လို့ သိရပါတယ်။ စာတတ်သူတိုင်းစာဖတ်ရေး လှုပ်ရှားမှုအခမ်းအနားကို နေပြည်တော်အပါအ၀င် တစ်နိုင်ငံလုံးမှာ ကျင်းပနိုင်ရေးအတွက်လည်း မျှော်မှန်းထားတယ်လို့ သိရပါတယ်။

 

Related News