မန္တလေးမြို့ခံပြည်သူလူထုပါဝင်နိုင်မယ့် နှစ်(၇၀)ပြည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ဒီဇင်ဘာလ(၉)ရက်မှာ ပြုလုပ်သွားမယ်လို့ ဒီဇင်ဘာလ(၅)ရက်က မန္တလေးမြို့ လူထုစင်တာမှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲက သိရပါတယ်။ဒီဇင်ဘာလ(၁၀)ရက်မှာ ကျရောက်မယ့် နှစ်(၇၀)ပြည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာလ(၉)ရက် မန္တလေးမြို့မှာ မန္တလေးမြို့အရပ်ဖက်အဖွဲ့အစည်း(၁၄)ဖွဲ့က စုပေါင်းကျင်းပသွားမှာပါ။

ဒီအခမ်းအနားကို မန္တလေးမြို့ဒေသခံတွေ ပူးပေါင်းပါဝင်လာစေရန်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းနဲ့ လူ့အခွင့်အရေးဆိုင်ရာသတင်းအချက်အလက်၊ ဗဟုသုတတွေကို ပြည်သူလူထုသိရှိစေရန်နဲ့ အမျိုးသမီး၊ ကလေးသူငယ်၊ မသန်စွမ်းသူနဲ့ကဏ္ဍစုံလူ့အခွင့်အရေးတွေကိုပြည်သူလူထုသတိပြုမိလာစေရန် ရည်ရွယ်တယ်လို့ Equality Myanmar Mandalay မှ ကိုရဲလင်းမော်ကပြောပါတယ်။ မန္တလေးမြို့မှာအပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အထိမ်းအမှတ်အခမ်းအနားတွေကို၂၀၁၂ခုနှစ် ကစတင်ကျင်းပလာခဲ့တယ်လို့သိရပါတယ်။ ယခုနှစ်မှာတော့ပြည်သူလူထုပိုမိုပူးပေါင်းပါဝင်လာစေဖို့ထူးခြားတဲ့ အစီအစဉ်တွေထည့်သွင်းကျင်းပမယ်လို့သိရပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂကထုတ်ပြန်တဲ့ Stand Up For Human Right (လူ့အခွင့်အရေးအတွက်ရပ်တည်ကြ)ခေါင်းစဉ်နဲ့ကျင်းပမှာဖြစ်ပြီး စကားဝိုင်းဆွေးနွေးပွဲ၊ နားမကြားလူငယ်အဖွဲ့ဖျော်ဖြေပွဲ၊ တေးသံရှင်တွေရဲ့ ဖျော်ဖြေရေးအစီအစဉ်၊ လူ့အခွင့်အရေးဆိုင်ရာပြခန်းအပြင် အခြားစိတ်ဝင်စားစရာအစီအစဉ်တွေပါဝင်မယ်လို့သိရပါတယ်။ဒီအခမ်းအနားကိုဒီဇင်ဘာလ(၉)ရက်မန္တလေးမြို့မန္တလေးသီရိအားကစားကွင်းမှာညနေ၄နာရီမှည၈နာရီအထိပြုလုပ်သွားမှာဖြစ်ပြီးအခမဲ့ ဝင်ရောက်နိုင်တယ်လို့သိရပါတယ်။

 

 

Related News