အကြိမ်(၃၀)မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းသူများအားကစားပြိုင်ပွဲနှင့် (၁၅)ကြိမ်မြောက် ဥာဏ်ရည် မမှီသူများအားကစားပြိုင်ပွဲကို ဒီဇင်ဘာလ(၅)ရက် ဒီကနေ့မနက်ပိုင်းက ဒဂုံမြို့သစ်မြောက်ပိုင်း မသန်စွန်း အားကစားလေ့ကျင့်ရေးစခန်းမှာ ကျင်းပခဲ့ပါတယ်။ အခုကျင်းပနေတဲ့ အကြိမ်(၃၀)မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းသူများအားကစားပြိုင်ပွဲနှင့် (၁၅)ကြိမ် မြောက် ဥာဏ်ရည် မမှီသူများအားကစားပြိုင်ပွဲကို အားကစားနှင့်ကာယပညာဦးစီးဋ္ဌာန၊ မြန်မာနိုင်ငံ မသန်စွမ်း သူများ အဖွဲ့ချုပ်တို့ ဦးစီးကျင်းပတာဖြစ်ပါတယ်။ အခုပြိုင်ပွဲက ယခင်နှစ်ပြိုင်ပွဲတွေထက် ပြိုင်ပွဲဝင်အရေအတွက် ပိုမိုများခဲ့ပြီး တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးက အားကစားသမားစုစုပေါင်း (၇၀၀)ကျော် ၀င်ရောက်ယှဉ်ပြိုင် နေတယ်လို့ သိရပါတယ်။

ပြိုင်ပွဲမှာ ပြေးခုန်ပစ်၊ ရေကူး၊ စားပွဲတင်တင်းနစ်၊ ထိုင်လျက်ဘော်လီဘော၊ အလေးမ၊ မြှားပစ်၊ ကြက်တောင်၊ ဘိုးလင်း၊ ဘီးတပ်ဘတ်စကတ်ဘော၊ ခုနှစ်ယောက်တက်ဖက်ဘောလုံး၊ စစ်တုရင်၊ ဂိုးလ်ဘော၊ ဂေါက်သီး စတဲ့ အားကစားနည်း(၁၃)မျိုး ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပါတယ်။ အခုပြိုင်ပွဲကနေ လာမယ့် ပြိုင်ပွဲအတွက် ဆုကြေးအဖြစ် ချီးမြင့်သွားမှာမဟုတ်ပဲ အားကစားသမားတွေကို ထောက်ပံ့ကြေးအဖြစ် ချီးမြင့် သွားမှာပါ။ ဒီပြိုင်ပွဲကို ဒီဇင်ဘာလ(၅)ရက်ကနေ(၉)ရက်ထိ ဒဂုံမြို့သစ်မြောက်ပိုင်း မသန်စွန်းအားကစား လေ့ကျင့်ရေးစခန်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

 

 

 

Related News