မြန်မာနိုင်ငံအပ်စိုက်ကုသပညာရှင်များအသင်းမှ ကြီးမှူး ကျင်းပတဲ့ ပထမဆုံးအကြိမ် ကမ္ဘာ့အပ်စိုက်ကုနေ့ကို နိုဝင်ဘာလ(၁၅) ရက်က ရန်ကုန်မြို့ Orchid Hotel မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ (၁၉၈၅)ခုနှစ်ကတည်းက အပ်စိုက်ကုသနည်းကို မြန်မာနိုင်ငံမှာ ထွန်းကားလာအောင် မြန်မာနိုင်ငံအပ်စိုက်ကုသပညာရှင်များကစတင် ကြိုးပမ်းခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အပ်စိုက် ကုသတဲ့ နည်းပညာရပ်ကို မြန်မာနိုင်ငံမှာ တရားဝင်ဖြစ်အောင် လွှတ်တော်မှာ တင်ပြထားတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံက ဆင်းသက်လာတဲ့ အပ်စိုက်ကုသနည်းကို အခြေခံပြီး တစ်ခါသုံးစတီးအပ်ကို တရုတ်နိုင်ငံက မှာယူကာ ကုသနေတာဖြစ်တယ်လို့ သိရပါတယ်။

အပ်စိုက်ကုသနည်းဟာ အကြောရောဂါဝေဒနာရှင်တွေ လေဖြတ်ထားသူတွေ အတွက် ကုသရာမှာ အဓိက အကောင်းဆုံးဖြစ်ပြီး အပ်စိုက်ကုနည်းပညာက ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ သွေး၊  လေလည်ပတ်မှုကို ညှိပေးတဲ့ ကုသနည်းဖြစ်တယ်လို့သိရပါတယ်။ ကုသရာမှာ အချိန်ကာလ အနေနဲ့ ရောဂါဖြစ်နေတဲ့ လူနာရဲ့ အသက်အရွယ်၊ ရောဂါဖြစ်ပေါ်တဲ့ အချိန်ကာလ၊ ကုသမှုခံယူမယ့် သူရဲ့ ခံနိုင်စွမ်းရည် စတာတွေအပေါ်မူတည်ပြီး ကုသချိန်ကြာမြင့်တယ်လို့သိရပါတယ်။ကမ္ဘာပေါ်မှာ အပ်စိုက်ကုပညာဟာ ထွန်းကားနေပြီဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ အပ်စိုက်ကုနည်းပညာက လူသိနည်းနေ သေးတယ်လို့သိရပါတယ်။

ဒါ့ကြောင့် အခုလို အပ်စိုက်ကုနည်းပညာကို ပြည်သူတွေကြားမှာ ပိုမိုသိရှိလာစေဖို့ အတွက် ပထမဆုံးအကြိမ် ကမ္ဘာ့အပ်စိုက်ကုနေ့ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံအပ်စိုက် ကုသပညာရှင်များ အသင်းက အပ်စိုက်ကုပညာရှင်တွေပေါ်ထွန်းလာစေဖို့အတွက်  တောင်ဥက္ကလာပမြို့နယ်၊ (၁၃)ရပ်ကွက်မှာ အခမဲ့ အပ်စိုက် ကုသနည်းတွေကို သင်ကြားပေးနေတယ်လို့သိရပါတယ်။

 

 

Related News