ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို နေရပ်စွန့်ခွာသွားသူများအား သတ်မှတ်ရက်အတွင်းပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံဘက်က အဆင်သင့် စောင့်ဆိုင်းနေခဲ့ပေမယ့် တစ်ဦးမှ ပြန်လည် လွှဲပြောင်းနိုင်ခြင်းမရှိသေးဘူးလို့ နိုဝင်ဘာလ(၁၅)ရက် ညနေပိုင်းမှာ နေပြည်တော်မှာ ရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှသိရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ နေရပ်စွန့်ခွာသွားသူတွေထဲက ပထမအသုတ်အနေနဲ့ (၂၂၅၁)ဦးအား နိုဝင်ဘာလ (၁၅)ရက်မှာ ပြန်လည် စတင်လက်ခံရေးအတွက် မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား သဘောတူထားတာပါ။

မြန်မာနိုင်ငံဘက်က သတ်မှတ်ထားတဲ့ နိုဝင်ဘာလ(၁၅)ရက် နံနက်ပိုင်းကစတင်ပြီး ပြန်လည်လက်ခံမယ့်တောင်ပြိုလက်ဝဲစခန်းမှာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး၊ အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေတို့ အပါအ၀င် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ တာဝန်ရှိသူ တွေနဲ့သွားရောက်စောင့်ဆိုင်းနေခဲ့ပေမယ့်ညနေပိုင်းအထိ တစ်ဦးမှ စတင်လွှဲပြောင်း နိုင်ခဲ့ခြင်းမရှိဘူး လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောပါတယ်။ယခုပြန်လည်လွှဲပြောင်းနိုင်ခြင်းမရှိတဲ့ နေရပ်စွန့်ခွာသွားသူ (၂၂၅၁)ဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကျင်းပခဲ့တဲ့ နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးများအစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်က လွှဲပြောင်းပေးအပ်ခဲ့ တဲ့ လူ(၈၀၃၂)ဦးထဲက ပြန်လည် စိစစ်ပြီးသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

နေရပ်စွန့်ခွာသွားသူများကို စတင်လွှဲပြောင်းနိုင်ခြင်းမရှိတာနဲ့ပတ်သက်ပြီး ဘင်္ဂလား ဒေ့ရှ်နိုင်ငံဖက်က Physical Arrangementနဲ့အညီ လိုက်နာဆောင်ရွက်မှု အားနည်းခဲ့တယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံ လက်မှတ် ရေးထိုးထားတဲ့ သဘောတူညီချက်တွေနဲ့အညီ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေကို ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်မြန်မာနိုင်ငံအနေနဲ့ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံလက်မှတ် ရေးထိုးထားတဲ့ သဘောတူညီ ချက်တွေနဲ့အညီ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေကို ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

 

 

Related News