မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ဒေသအနှံ့အပြားမှာ ကျင်းပကြပါတယ်။ အဲဒီထဲကမှ ကရင်ပြည်နယ်မှာ ဆိုရင် ရိုးရာလက်ဝှေ့ပြိုင်ပွဲတွေမှာ ကလေးတွဲဆိုင်းတွေကို ထည့်သွင်းကျင်းပကြပါတယ်။
ကရင်ပြည်နယ်ကို ရိုးရာလက်ဝှေ့ရဲ့ တက္ကသိုလ်လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ဒီလိုခေါ်ဆိုရတဲ့ အကြောင်းရင်း တော့ရှိပါတယ်။ ဒီနယ်မှာ လက်ဝှေ့ပြိုင်ပွဲများစွာရှိနေပြီး အသက်(၅)နှစ်က စတင်ကာယှဉ်ပြိုင်တဲ့ ကလေး လက်ဝှေ့ပြိုင်ပွဲတွေပါ ရှိလို့နေပါတယ်။ ကလေးလက်ဝှေ့ပြိုင်ပွဲတွေကတော့ တနှစ်ကို (၁၀)ပွဲကနေ (၁၅)ပွဲထိ ရှိတယ်လို့ သိရပါတယ်။ ခုလိုရိုးရာလက်ဝှေ့ပြိုင်ပွဲတွေမှာ ကလေးလက်ဝှေ့ပြိုင်ပွဲတွေ ထည့်သွင်းကျင်းပရတဲ့ အကြောင်းကို ကရင်ပြည်နယ်ရိုးရာလက်ဝှေ့ဆပ်ကော်မတီမှ တာဝန်ရှိသူက အခုလိုပြောပြထားပါတယ်။

တချို့ကလေးလက်ဝှေ့ကစားသမားတွေက ကလပ်အသင်းရှိပေမယ့် တချို့ကတော့ ကလပ်မရှိပဲ ရွာတွေကနေ လာရောက်ထိုးတဲ့ လူတွေလဲရှိပါတယ်။ခုလိုကလေးတွဲဆိုင်းတွေရဲ့ ထိုးကြေးကရော ဘယ်လောက်ထိရှိပါသလဲ။ ဒါတွေနဲ့ပတ်သတ်ပြီး ကလေးလက်ဝှေ့ကစားသမားလေးတွေကို သင်ကြားပေးနေတဲ့ ဦးငြိမ်းချမ်းရေးမောင် မောင်က ပြောပြထားပါတယ်။ဒီလက်ဝှေ့ကစားသမားလေးတွေကတော့ ကျောင်းဖက်နဲ့ အားကစားတဖက်ကို သင်ကြားနေတဲ့ ကလေးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ကရင်ပြည်နယ်မှာ ခုလိုကလေးတွဲဆိုင်းတွေအပါအ၀င် သက်တမ်းအလိုက် လက်ဝှေ့ပြိုင်ပွဲတွေရှိတာကြောင့် နှစ်စဉ်တိုင်းဒေသကြီးနဲ့ပြည်နယ်ပြိုင်ပွဲတွေမှာ ဆုတံဆိပ်တွေအများဆုံးရရှိခဲ့တဲ့ အပြင် နာမည်ကျော် လက်ဝှေ့ ကစားသမားတွေလဲ ဒီပြည်နယ်ကနေပဲ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။

 

 

Related News