The World Intellectual Property Organization(WIPO), European Union Intellectual Property Office နဲ့ The Myanmar Intellectual Property Proprietors Association (MIPPA) တို့ပူးပေါင်းပြုလုပ်တဲ့ ပြည်တွင်းကုန်အမှတ်တံဆိပ်၊ တီထွင်မှုများနဲ့ ဒီဇိုင်းများအပေါ် ပြည်ပနိုင်ငံမှာကာကွယ်ခြင်းဆိုင်ရာ အမျိုးသားအဆင့် ဟောပြောပွဲကို နိုဝင်ဘာလ(၁၂)ရက်က UMFCCI မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ တီထွင်ထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းများကို ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံတွေမှာပါ မှတ်ပုံတင်ကာကွယ်ထားနိုင်ဖို့ နိုင်ငံတကာမှာ ထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းဆိုင်ရာ ကာကွယ်ထားမှုအချက်အလက်များကိုသိရှိနိုင်စေဖို့ ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ နိုင်ငံတကာမှ ကုန်အမှတ်တံဆိပ်ဆိုင်ရာပညာရှင်တွေနဲ့ ပြည်တွင်းပညာရှင်တွေက ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာတွေနဲ့ နိုင်ငံတကာကိုပို့နေတဲ့ ပြည်တွင်းပို့ကုန်တွေအပေါ် မှတ်ပုံတင် ကာကွယ်ခြင်းဆိုင်ရာအချက်အလက်တွေ စတဲ့အကြောင်းအရာတွေကို ဆွေးနွေးဟောပြောခဲ့ကြတာဖြစ်ပါတယ်။အခုလို ပြည်တွင်းကုန်အမှတ်တံဆိပ်၊ တီထွင်မှုများနဲ့ ဒီဇိုင်းများအပေါ် ပြည်ပနိုင်ငံမှာကာကွယ်ခြင်းဆိုင်ရာ ဟောပြောပွဲတွေကို The Myanmar Intellectual Property Proprietors Association (MIPPA)မှ ၂၀၁၆ခုနှစ်ကတည်းက စတင်ပြုလုပ်နေတာ ဖြစ်ပြီး၊ နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ The World Intellectual Property Organization(WIPO), European Union Intellectual Property Office တို့နဲ့ ပူးပေါင်းပြုလုပ်တာကတော့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။ 

 

 

Related News