Gongs and Skins နိုင်ငံတကာရိုက်ခတ်တူရိယာစုံဖျော်ဖြေပွဲကို Goethe – Institut မှ တတိယအကြိမ် ကျင်းပပြုလုပ်လျက်ရှိပါတယ်။နိုဝင်ဘာလ(၈)ရက်မှာတော့ ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့နေရာတခုဖြစ်တဲ့ မဟာဗန္ဓုလပန်းခြံမှာပြုလုပ်ခဲ့ပါတယ်။  Goethe (ဂေါ်သဲ)– Institut ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့၊ ဒိန်းမတ်နဲ့ အီတလီသံရုံးတို့ ပူးပေါင်းကျင်းပတဲ့ ၂၀၁၈ခုနှစ် Gongs and Skins နိုင်ငံတကာရိုက်ခတ်တူရိယာ စုံဖျော်ဖြေပွဲကို နိုဝင်ဘာလ(၆)ရက်မှ (၁၂)ရက်ထိကျင်းပနေတာဖြစ်ပါတယ်။

Gongs and Skins နိုင်ငံတကာရိုက်ခတ်တူရိယာစုံဖျော်ဖြေပွဲကို အာရှနိုင်ငံတွေနဲ့ ဥရောပနိုင်ငံတွေရဲ့ မတူကွဲပြားမှု၊ ရိုးရာအစဉ်အလာနဲ့ ယဉ်ကျေးမှုတို့ ဖလှယ်နိုင်စေဖို့ရည်ရွယ်ပြုလုပ်တာဖြစ်ပြီး၊ အာရှနိုင်ငံတွေနဲ့ ဥရောပနိုင်ငံတွေက ရိုက်ခတ်တူရိယာအတီးဂီတပညာရှင်များ ပေါင်းစည်းတီးမှုတ်ဖျော်ဖြေသွားကြမှာဖြစ်ပါတယ်။

ဖျော်ဖြေပွဲမှာ ဗမာ(ဆိုင်းဝိုင်း)၊ ကရင်၊ ရခိုင်၊  ရှမ်းစတဲ့ တိုင်းရင်းသားရိုက်ခတ်တူရိယာ အတီးပညာရှင်များနဲ့ ကနေဒါ၊ တရုတ်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ မလေးရှား၊ ပိုလန်နိုင်ငံတို့မှ ရိုက်ခတ်တူရိယာအတီးဂီတပညာရှင်တွေပူးပေါင်းဖျော်ဖြေကြမှာဖြစ်တယ်လို့ သိရပါတယ်။ ဖျော်ဖြေပွဲကိုတော့ နိုဝင်ဘာလ(၆)ရက် ည(၇)နာရီမှာ Goethe Villa မှာပြုလုပ်ခဲ့သလို ၊ နိုဝင်ဘာလ(၈)ရက် ညနေ ၆နာရီခွဲအချိန်မှာ မဟာဗန္ဓုလပန်းခြံမှာ ပြုလုပ်ခဲ့တာပါ။နိုဝင်ဘာလ(၁၂)ရက် ည(၇)နာရီမှာတော့ ဘားအံမြို့တို့မှာ ဖျော်ဖြေပေးသွားမှာဖြစ်ပြီး၊ ပြည်သူတွေအနေနဲ့ အခမဲ့လာရောက် ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။  

 

 

Related News