(၂၀၁၈)စင်ကာပူပွဲတော်အကြိုမိတ်ဆက်ပွဲကို နိုဝင်ဘာလ(၈)ရက်က ဘိုကလေးဈေးလမ်းရှိ ပရိဘောဂကဖေးမှာပြုလုပ်ခဲ့ပါတယ်။  (၂၀၁၈)စင်ကာပူပွဲတော်ကို  ဘိုကလေးဈေးလမ်းမှာ နိုဝင်ဘာလ(၃၀)ရက်မှ ဒီဇင်ဘာလ(၂)ရက်အထိ (၃)ရက် ကြာပြုလုပ်သွားမှာဖြစ်ပါတယ်။ စင်ကာပူပွဲတော်ကို စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့က ကြီးမှူးပြီး ဒို့အိမ်အဖွဲ့ ကပူးပေါင်းကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။ စင်ကာပူပွဲတော်မှာ အစား အသောက်များ၊ မြို့ပြဒီဇိုင်းနှင့်အနုပညာလက်ရာများ၊ ဂီတနှင့်ရုပ်ရှင်၊ စင်ကာပူနိုင်ငံရဲ့ ယဉ်ကျေးမှုကို သိရှိစေတဲ့ရည်ရွယ်ချက်နဲ့ပြုလုပ်တာလို့သိရပါတယ်။

(၂၀၁၈)စင်ကာပူပွဲတော်မှာ စင်ကာပူနိုင်ငံရဲ့ အထင်ကရနေရာပုံစံများနဲ့ ဖျော်ဖြေရေး မြင်ကွင်းများကို လေ့လာခြင်း၊ ရိုးရာအမွေအနှစ်များအပေါ်အခြေခံထားတဲ့ ကစားနည်းများ ပြသထားခြင်း၊ မျက်နှာ ဆေးရောင်ခြယ်ခြင်း၊ ကလေးကစားစရာ ဇုန်များလည်း ပါဝင်မယ်လို့ သိရပါတယ်။ စင်ကာပူပွဲတော်ရဲ့ အစားအသောက် ကဏ္ဍမှာ စင်ကာပူရိုးရာနဲ့မြန်မာရိုးရာ အစားအသောက်များကို ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ စင်ကာပူနှစ်ပတ်လည်ပွဲတော်တွေထဲက ပြား(၅၀)ပွဲတော်ကို အခြေခံပြီး အစားအသောက်တွေကို တစ်ပွဲ(၅၀၀)ကျပ်နဲ့ ရောင်းချပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

အခုပြုလုပ်မယ့် စင်ကာပူပွဲတော်ဟာ မြန်မာနိုင်ငံမှာ တတိယအကြိမ်ပြုလုပ်မှာဖြစ်ပြီး ပြီးခဲ့တဲ့(၂၀၁၆)ခုနှစ်မှာ စတင်ပြုလုပ်ခဲ့ တာပါ။(၂၀၁၈)စင်ကာပူပွဲတော်မှာ မြန်မာအစားအစာဆိုင်(၉)ဆိုင်၊ စင်ကာပူအစားအစာဆိုင်(၁၀)ဆိုင်ပါဝင် ရောင်းချသွားမယ်လို့သိရပါတယ်။

 

Related News