ပန်းချီဆရာ/ဆရာမ (၁၇)ဦးစုပေါင်းပြီး  BEAUTIFUL NOVEMBER အမည်နဲ့ ပြုလုပ်တဲ့ ပန်းချီပြပွဲကို ရန်ကုန်မြို့  ၊  43 Art Gallery ပန်းချီပြခန်းမှာပြသခဲ့ပါတယ်။ ပြပွဲမှာတော့  ပါဝင်ပြသတဲ့ ပန်းချီဆရာတွေရဲ့ အယူအဆအမျိုးမျိုးနဲ့ ရေးဆွဲထားတဲ့ ပန်းချီကားပေါင်း(၈၂)ကားကို ပြသထားတာပါ။ပြပွဲမှာပြထားတဲ့ပန်းချီကားတွေကို ရေဆေး ၊ ဆီဆေး ၊ အခရိုင်းလစ် ၊ Colour Pencil နဲ့ Water Colour ၊ ခရုပန်းချီ တို့နဲ့ရေးဆွဲထားတာဖြစ်ပါတယ်။ BEAUTIFUL NOVEMBER ပန်းချီပြပွဲမှာ ပြသထားတဲ့ပန်းချီကားတွေကတော့ တောတောင်ရေမြေရှူခင်းပုံ ၊   သဘာဝရူခင်းပုံ ၊ တိုင်းရင်းသားတွေ့ရဲ ဓလေ့ရိုးရာပုံ ၊ သမင်ပုံ ၊ အင်းလေရဲ့ သဘာဝရူခင်းပုံ ၊ ရုပ်သေးပုံ ၊  မြန်မာရိုးရာထမနှဲထိုးပွဲပုံ ၊ ပုဂံဘုရားစေတီပုထိုးပုံ အစရှိတဲ့ပုံတွေကိုရေးဆွဲပြသခဲ့ပါတယ်။ ပြပွဲမှာ ပြသထားတဲ့ ပန်းချီကားဈေးနှုန်းတွေကိုတော့ အမြင့်ဆုံး အမေရိကန်ဒေါ်လာ(၈၀၀)ကနေ အနိမ့်ဆုံး အမေရိကန်ဒေါ်လာ(၃၀)အထိ သတ်မှတ်ရောင်းချခဲ့တယ်လို့သိရပါတယ်။BEAUTIFUL NOVEMBER  ပြပွဲကိုတော့ နိုဝင်ဘာလ(၃)ရက်ကနေ့ နိုဝင်ဘာလ(၇)ရက်ထိ ပြသခဲ့တာပါ။

 

 

 

Related News